Friday, January 16, 2026
spot_img
spot_img

ဘိုင်ယန်မြူးနစ်နှင့်အတူ လေ့ကျင့်ခန်းပြန်ဆင်းနေတဲ့ ဟယ်ရီကိန်း

အင်္ဂလန်နှင့်အတူ ယူရို ၂၀၂၄ တွင် စိတ်ပျက်စရာများဖြစ်ခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ် လေ့ကျင့်ရေးကွင်းသို့ ပြန်လာရတာ အရမ်းကောင်းတယ်လို့ ဟယ်ရီကိန်းက ပြောပါတယ်။  အင်္ဂလန်ဟာ ယူရို ၂၀၂၄ ဖိုင်နယ်တွင် စပိန်ကို ရှုံးနိမ့်ခဲ့ပြီး အဆိုပါပြိုင်ပွဲအတွင်း စွမ်းဆောင်ရည်ကြောင့် ကိန်းက ဝေဖန်ခြင်းခံခဲ့ရသော်လည်း သွင်းဂိုး ၃ ဂိုးဖြင့် ပူးတွဲဂိုးသွင်းအများဆုံးကစားသမား ဖြစ်ခဲ့ပါတယ်။ 

တော့တင်ဟမ်ကြယ်ပွင့်ဟောင်းဟာ ပြိုင်ပွဲတော်တော်များများအတွက် ထိရောက်မှုမရှိခဲ့ဘဲ ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်အတွက် သူပြသခဲ့တဲ့ခြေစွမ်းအတိုင်းလုပ်ဆောင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ သို့သော်လည်း နွေရာသီအားလပ်ရက်အပြီးတွင် အသက် ၃၁ နှစ်အရွယ်ကစားသမားက ဘွန်ဒက်လီဂါကလပ်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်လေ့ကျင့်ရေးက သူ့ဓာတ်ပုံ ၃ ပုံကို အင်စတာဂရမ်မှာ ပို့စ်တင်ပြီး “ပြန်လာရတာ အရမ်းကောင်းပါတယ်” လို့ ရေးသားထားပါတယ်။


ကိန်းဟာ ပြီးခဲ့တဲ့နှစ်တုန်းက တော့တင်ဟမ်မှ ဘိုင်ယန်မြူးနစ်သို့ ပြောင်းရွှေ့ခဲ့ပြီး ပြိုင်ပွဲအရပ်ရပ် ၄၅ ပွဲတွင် ၄၄ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၁၂ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ ကိန်းဟာ ကောင်းမွန်တဲ့ရာသီတစ်ခုကို ပိုင်ဆိုင်ထားသော်လည်း ဂျာမန်ဘီလူးကြီးတွေဟာ ၂၀၁၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဆုဖလားလက်မဲ့ ရာသီကို ကြုံတွေ့ခဲ့ရပါတယ်။ ကိန်းနှင့်အသင်းဖော်တွေဟာ ပထမဆုံးသော အဓိကဆုဖလားကို ရှာဖွေရင်း ယခုရာသီတွင် အောင်မြင်မှုများဆီသို့ ပြန်လည်ရောက်ရှိရန် ကြိုးစားမှာဖြစ်ပါတယ်။

ကိန်းရဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့် အင်္ဂါနေ့တွင် WSG Tirol နှင့် မကစားမီ စနေနေ့တွင် တော့တင်ဟမ်နှင့် ရာသီကြိုခြေစမ်းပွဲကို ဆက်လက်ကစားမှာဖြစ်ပါတယ်။ ၃ ရက်အကြာတွင် သူတို့ဟာ ၂၀၂၄-၂၅ ရာသီကို စတင်ရန်အတွက် ပိုကယ်ဖလားပထမအကျော့အဖြစ် Ulm နှင့် ကစားရမှာဖြစ်ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments