လီကာစလေ ကို လာမည့်နေးရှင်းလိဂ်ကမ်ပိန်း စတင်ခြင်းအတွက် အင်္ဂလန်အသင်း၏ ယာယီနည်းပြအဖြစ် ခန့်အပ်လိုက်ကြောင်း အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) က သောကြာနေ့ (သြဂုတ် ၉) တွင် အတည်ပြုခဲ့သည်။
FA သည် အမြဲတမ်းမန်နေဂျာတစ်ဦးကို ဆက်လက်ရှာဖွေနေစဥ် ကာစလေက အိုင်ယာလန်သမ္မတနိုင်ငံနှင့် ဖင်လန်နိုင်ငံတို့နှင့် ကစားရမည့် အင်္ဂလန်၏စက်တင်ဘာလပွဲစဉ်များကို တာဝန်ယူမည်ဖြစ်သည်။
အသက် ၅၀ နှစ်ရှိပြီဖြစ်သည့် အဆိုပါကစားသမားသည် ၂၀၂၂ ခုနှစ်တွင် ယူ-21 ဥရောပချန်ပီယံရှစ်ပြိုင်ပွဲ၌ သူထူးချွန်စွာဦးဆောင်ခဲ့သည့် ယူ-21 အသင်း၏ နည်းပြအဖြစ်မှ ရာထူးတိုးလာခဲ့ခြင်းဖြစ်သည်။

ယူရို 2024 ဖိုင်နယ်၌ အင်္ဂလန်က စပိန်ကို ရှုံးနိမ့်ပြီးနောက် ရှစ်နှစ်အကြာတွင် ရာထူးမှနုတ်ထွက်ခဲ့သော ဂါရတ်ဆောက်ဂိတ်၏နေရာတွင် အစားထိုးဝင်ရောက်လာခဲ့ ခြင်းလည်းဖြစ်သည်။
“ဒီအင်္ဂလန်အသင်းကို ယာယီအခြေခံစနစ်နဲ့ ဦးဆောင်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်” ဟု ကာစလေက ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

“ကျွန်တော်က ကစားသမားတွေနဲ့ နိုင်ငံတကာဘောလုံးလောကကို အရမ်းရင်းနှီးတဲ့အတွက် FA က နည်းပြသစ်ခေါ်ယူဖို့ လုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်နေချိန်မှာ အသင်းကို နည်းပြလမ်းညွှန်ဖို့ ကျွန်တော့်အတွက် အဓိပ္ပာယ်ရှိပါတယ်။”
“ကျွန်တော့်ရဲ့ အဓိက ဦးစားပေးက စဉ်ဆက်မပြတ် သေချာစေဖို့ဖြစ်ပြီး ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က UEFA Nations League မှာ အဆင့်တိုးဖို့ ဖြစ်ပါတယ်။” ဟုလည်း ပြောကြားခဲ့သည်။
အင်္ဂလန်အသင်းသည် စက်တင်ဘာ ၇ ရက်တွင် ဒပ်ဗလင်၌ အိုင်ယာလန်အသင်းနှင့် ယှဉ်ပြိုင်မည်ဖြစ်ပြီး စက်တင်ဘာ ၁၀ ရက်တွင် ဖင်လန်အသင်းနှင့် ကစားမည်ဖြစ်သည်။






