Monday, October 20, 2025
spot_img
spot_img

တန်ဟက်ဂ်သည် မန်ယူအသင်း ကြုံတွေ့ခဲ့သည့် ပြဿနာများ၏ အဓိကလူမဟုတ်သဖြင့် ဆက်ရှိစေခြင်းဖြစ်ကြောင်း ရက်ကလစ်ဖ် ပြောကြား     

မန်ယူနိုက်တက်အသင်း၏ ပူးတွဲပိုင်ရှင်တစ်ဦးဖြစ်သူ ဆာဂျင်ရက်ကလစ်ဖ်က အသင်းနည်းပြရာထူးတွင် လက်ရှိနည်းပြ အဲရစ်တန်ဟက်ဂ် အား ဆက်ထားရန် ဆုံးဖြတ်ခဲ့ခြင်းမှာ တန်ဟက်ဂ်သည် လက်ရှိမန်ယူအသင်း ကြုံတွေ့နေရသည့် အရာများ၏ အဓိကပြဿနာ မဟုတ်ခြင်းကြောင့်ဟု ယူဆခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

မန်ယူနိုက်တက်အသင်းသည်  စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့သည့် အဲရစ်တန်ဟက်ဂ်နေရာတွင် အစားထိုးရန်အတွက် အခြား ထိပ်တန်းနည်းပြများနှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

သို့သော် မန်ယူအသင်းတာဝန်ရှိသူများသည် နောက်ဆုံးတွင် အဲရစ်တန်ဟက်ဂ်ကို အသင်းနည်းပြအဖြစ် ဆက်လက်ထားရှိရန်  ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ 

ယင်းနှင့်ပတ်သက်ပြီး Bloomberg နှင့် တွေ့ဆုံသည့် အင်တာဗျူးတွင် ဆာဂျင်မ်ရက်ကလစ်ဖ်က “အသင်းနည်းပြဟာ လက်ရှိ မန်ယူနို်က်တက်အသင်း ကြံုံတွေ့နေတဲ့ ပြဿနာတွေရဲ့ အဓိကလူမဟုတ်ဘူးလို့ ယူဆလို့ သူ့ကို ဆက်ထားခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် အသင်းတစ်သင်းဟာ ယှဉ်ပြိုင်နိုင်စွမ်းမြင့်တဲ့ အသင်းအဖြစ်တော့ ဆက်ရှိရပါလိမ့်မယ်”ဟု ပြောကြားခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments