Wednesday, October 22, 2025
spot_img
spot_img

ဒိန်းမတ် နဲ့ ပွဲမှာ ဖိုဒန် အစား ဂေါ်ဒွန် ကို အသုံးပြုဖို့ တိုက်တွန်း ပြောကြားလိုက်တဲ့ ဂန်းနားဟောင်း

ဒိန်းမတ် အသင်း နဲ့ ကစားရမယ့် ယူရို ၂၀၂၄ အုပ်စု ဒုတိယပွဲမှာ အင်္ဂလန် အသင်း နည်းပြ ဆောက်ဂိတ် အနေနဲ့ ဖိုဒန် ကို ချန်လှပ်ပြီး ဂေါ်ဒွန် ကို ပွဲထွက် အသုံးပြု သင့်တယ်လို့ ဂန်းနား တောင်ပံ ကစားသမားဟောင်း ဝဲလ်ကော့ က ပြောကြား လိုက်ပါတယ် ။

မန်ချက်စတာစီးတီး အသင်း တောင်ပံ ကစားသမား ဖိုဒန် ဟာ ဆားဘီးယားအသင်း နဲ့ ပွဲမှာ ပွဲထွက် ကစားခဲ့ပေမယ့် အသင်း အပေါ် အကျိုးမပြုနိုင်ခဲ့ဘဲ ခြေစွမ်းပြဖို့ ရုန်းကန် ခဲ့ရပါတယ် ။ ဒါကြောင့် အလန်ရှီးယား က ဒိန်းမတ် နဲ့ ပွဲမှာ ဖိုဒန် ထက်စာရင် ဂေါ်ဒွန် ၊ အက်ဇေး တို့ကို ပွဲထွက် လူစာရင်းမှာ ထည့်သွင်း အသုံးပြုဖို့ တိုက်တွန်း ပြောကြား သွားခဲ့ပါတယ် ။

ဝဲလ်ကော့ ကလည်း အလန်ရှီးယား ရဲ့ အကြံပြုမှုကို ထောက်ခံ သွားခဲ့ပြီး သူ့ရဲ့ အဲဗာတန် အသင်းဖော်ဟောင်း ဂေါ်ဒွန် ဟာ အသင်းအပေါ် ကောင်းကောင်း အကျိုးပြုနိုင်မယ့်သူ ဖြစ်တယ်လို့ ထောက်ခံ သွားခဲ့ပါတယ်။ ” ကျနော်ကတော့ အန်တိုနီ ဂေါ်ဒွန် ကို ကြိုက်ပါတယ်။ ကျနော်သူ့ကို အထင်လည်း ကြီးပါတယ် ။ ”

” သူ အပြင်ထွက်ကစားတာမျိူးကို ကျနော် သဘောကျပါတယ် ၊ ပြိုင်ဘက် နောက်ခံလူတွေကို စိန်ခေါ် ကစားရဲသူပါ ၊ သူ ဘာလုပ်မလဲဆိုတာ ပြိုင်ဘက် က ခန့်မှန်း ရသူမျိုးပေါ့ ၊ အင်္ဂလန် အသင်း အနေနဲ့ မတူ ကွဲပြားတဲ့ ပုံစံ တခု လိုအပ်တယ်လို့ မြင်ပါတယ် ၊ ဒါကြောင့်လည်း သူ့ကို ခေါ်လာတာ ဖြစ်နိုင်ပါတယ် ၊ သူက အသင်းကို ခြားနားတဲ့ ကစားဟန် တစ်ခုကို ပေးနိုင်စွမ်း ရှိပါတယ်။ ”

” အပြောင်းအလဲ လုပ်မယ်ဆို ကျနော်ကတော့ သူ့ကို ထည့်ချင်ပါတယ် ။ လက်ရှိ အချိန်မှာ ဖိုဒန် နဲ့ ပတ်သက်ပြီး ဆွေးနွေး ငြင်းခုန်မှုတွေ များနေပါတယ် ၊ သူ့နေရာမှာ ဘယ်သူ့ကို ကစားခိုင်းတာ အကောင်းဆုံး ဖြစ်မလဲပေါ့။ ဘယ်လင်ဂမ် က တကယ့်ကို ထူးချွန် ပြောင်မြောက်တဲ့ ကစားသမားပါ ၊ဖိုဒန် ရဲ့ အရည်အသွေး ကို မရတဲ့ အခါမျိုးမှာ ဂေါ်ဒွန် ကို ထည့်ကစားတာ အကောင်းဆုံးပါပဲ။ ”

” သူက စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ကစားသမားပါ ။ တက်ကြွမှု အပြည့် ရှိသလို အကြောက်အလန့်လည်း မရှိပါဘူး ၊ နိုင်ငံတကာ အဆင့် မှာ သူ့လို ကစားသမားမျိုး လိုအပ်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments