Wednesday, March 4, 2026
spot_img
spot_img

ယူရိုပြိုင်ပွဲတွင် သမိုင်းသစ် ဖန်တီးသွားလိုသည်ဟု ဟာရီကိန်း ပြောကြား

အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟာရီကိန်းက လာမည့် ယူ ရို-၂၀၂၄ ပြိုင်ပွဲတွင် သမိုင်းသစ်ဖန်တီးသွားလို ကြောင်း ပြောကြားခဲ့သည်။
   
အင်္ဂလန်အသင်းသည် ယူရိုပြိုင်ပွဲတွင် ချန်ပီယံဆုရရှိဖူးခြင်းမရှိသေးသော်လည်း လာမည့်ပြိုင်ပွဲ၌ ချန်ပီယံဆုရရှိရန် ရေပန်းအစားဆုံး ဖြစ်နေသည်။ 

ယင်းအတွက် ဂျာမန်မဂ္ဂဇင်း Spiegel နှင့် အင်တာဗျူးအစီအစဉ်တွင် ဟာရီကိန်းက ၎င်း၏ ဆန္ဒကို ပြောကြားခဲ့ခြင်းဖြစ်သည်။ 

“ဒီပြိုင်ပွဲမှာ ကျွန်တော်တို့ သေချာပေါက် ချန်ပီယံဆုရရှိမယ်လို့ ကျွန်တော် မပြောပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့မှာ တကယ်ကောင်းမွန်တဲ့ အခွင့်အရေးရှိနေပါတယ်။ အင်္ဂလန်အသင်းရဲ့ သမိုင်းမှာ ကျွန်တော်တို့ဟာ အဓိကပြိုင်ပွဲကြီးတွေရောက်တိုင်း နောက်ဆုံးအဆင့်ကို ဖြတ်ကျော်နိုင်ဖို့ ရုန်းကန်နေရပါတယ်။ လက်ရှိအချိန်မှာ ဒီအသင်းက အောင်မြင်မှုတွေ ရယူဖို့ တကယ့်ကို ဆာလောင်နေပြီလို့ ခံစားရပါတယ်။ ကျွန်တော်တို့ သမိုင်းသစ် ဖန်တီးချင်ပါတယ်။ ဒီအတွက် တစ်ခုတည်းသော နည်းလမ်းက ချန်ပီယံဆု ရယူဖို့ပါပဲ”ဟု ဟာရီကိန်းက ပြောကြားခဲ့သည်။ 

ဟာရီကိန်းသည် လက်ရွေးစင်အသင်းတွင်ရော ကလပ်အသင်းတွင်ပါ ဆုဖလားအောင်ပွဲရယူနိုင်ခြင်းမရှိသည့်အတွက် ဆုဖလားကျိန်စာသင့်နေသူဟု သတ်မှတ်ခံထားရသူဖြစ်ပြီး ပြီးခဲ့သည့်ရာသီက ဘိုင်ယန်မြူးနစ်အသင်းတွင်လည်း ဖလားလက်မဲ့ဖြစ်ခဲ့ရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments