Friday, March 13, 2026
spot_img
spot_img

အာနီဆလော့ဟာ ယာဂန်ကလော့ ၊ မော်ရင်ညို တို့နဲ့ Level တူလို့ ဆိုလိုက်တဲ့ လီဗာပူးကြယ်ပွင့်ဟောင်း

လီဗာပူးကြယ်ပွင့်ဟောင်း ဖြစ်သူ ဂျီနီဝိုင်နယ်ဒန်က အာနီဆလော့ဟာ လေ့ကျင့်ရေး အစီအစဉ်မှာ သူ့ကို impress ဖြစ်စေခဲ့တယ်လို့ ဆိုလိုက်ပြီး လီဗာပူး နည်းပြသစ်ဟာ ယာဂန်ကလော့ နဲ့ ဂျိုဆေးမော်ရင်ညို တို့ရဲ့ အဆင့်အတန်းမှာ ရှိနေတယ်လို့ ပြောလိုက်ပါတယ်။ ဆလော့ဟာ အန်ဖီးကနေ ထွက်ခွာသွားခဲ့တဲ့ ကလော့ရဲ့ ခြေရာကို နင်းနိုင်ရန် အထူး ကြိုးစားသွားရမှာ ဖြစ်ပြီး ဖီယင်နော့ကနေ လီဗာပူးကို ပြောင်းလာခြင်းဟာ ကြီးမားတဲ့ ခြေလှမ်းတစ်ခု အဖြစ် ရှိနေပါတယ်။

ဆလော့ဟာ ဖီယင်နော့နဲ့အတူ ၂၀၂၃ မှာ နယ်သာလန် အမှတ်ပေးဖလား နဲ့ ဒီနှစ်မှာ ရှုံးထွက်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး ဝိုင်နယ်ဒန်ဟာ ပြီးခဲ့တဲ့ရာသီ အစတုန်းက အသင်းဟောင်း ဖီယင်နော့မှာ လေ့ကျင့်ခန်း သွားဆင်းရင်းနဲ့ ဆလော့ရဲ့ နည်းစနစ်တွေကို မြင်တွေ့ခွင့် ရခဲ့ပါတယ်။ အခုချိန်မှာ အယ်အက်တီဟတ်မှာ ကစားနေတဲ့ ဝိုင်နယ်ဒန်က အင်္ဂလန်က လူတော်တော်များများဟာ ဆလော့ကို သိနိုင်မှာ မဟုတ်ဘူးလို့ ဝန်ခံခဲ့ပေမယ့် ဆလော့ဆီက ကောင်းမွန်တဲ့ အရာတွေကို မြင်တွေ့နိုင်ရန် မျှော်လင့်ထားလို့ ရတယ်လို့ ပြောလိုက်ပါတယ်။

ဝိုင်နယ်ဒန်က “လီဗာပူးဟာ အာနီဆလော့လို တကယ် ကောင်းမွန်တဲ့ ဆက်ဆံသူကို ခေါ်ယူနိုင်ခဲ့ပါတယ်။ အင်္ဂလန် ပြင်ပမှာ နည်းပြအဖြစ် လုပ်ကိုင်ခဲ့တဲ့ ဆလော့ကို သူတို့ သိပ်မသိတာ ကတော့ လုံး၀ ပြသနာ ဖြစ်လာမှာ မဟုတ်ပါဘူး။ ရာသီအစမှာတုန်းက ကျနော် ဖီယင်နော့မှာ ရက်အနည်းငယ် လေ့ကျင့်ခန်း သွားဆင်းခဲ့ပါတယ်။ အဲဒီမှာ ကျနော် ဆလော့ရဲ့ အလုပ်လုပ်ပုံတွေကို မြင်တွေ့ခဲ့ပါတယ်။ တကယ့်ကို မြင့်မားတဲ့ level ပါပဲ။ သူ့ရဲ့ အလုပ်လုပ်ပုံတွေဟာ တကယ့်ကို ကောင်းလှပါတယ်။

ကျနော့်အနေနဲ့ သူ့ကို ကလော့ ၊ မော်ရင်ညို တို့နဲ့ နှိုင်းယှဉ်နိုင်ပါတယ်။ ဆလော့ဟာ သူတို့နဲ့ level တူလို့ ကျနော် ပြောနိုင်ပါတယ်။ အမှန်ပါပဲ။ သူဟာ အခုဆိုရင် လုံး၀ ခြားနားတဲ့ ကမ္ဘာကို ရောက်လာတာပါ။ ဒါကတော့ အမှန်တရားပါပဲ။ ဒါပေမယ့် သူ ဖီယင်နော့မှာ လုပ်ပြသလိုမျိုး လီဗာပူးမှာ မလုပ်နိုင်ဘူးလို့ မဆိုလိုပါဘူး။” လို့ ဆိုလိုက်ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments