Sunday, March 15, 2026
spot_img
spot_img

တိုက်စစ်မှူး ဟာလန်းကို စာချုပ်သစ် ပြင်ဆင်ချုပ်ဆို၍ လျော်ကြေးစာချုပ်အား ဖယ်ရှားပစ်ရန် မန်စီးတီးအသင်း စီစဉ်နေကြောင်း Mirror ဖော်ပြ

မန်စီးတီးအသင်းသည် တိုက်စစ်မှူး ဟာလန်းကို သက်တမ်းတိုးစာချုပ်သစ် ပြင်ဆင်ချုပ်ဆို၍ လက်ရှိထည့်သွင်းထားသည့် လျော်ကြေးစာချုပ်ကို ဖယ်ရှားပစ်ရန် စီစဉ်နေကြောင်း Mirror သတင်းစာက ဖော်ပြခဲ့သည်။

မန်စီးတီးအသင်းသည် ဟာလန်းကို ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသော်လည်း ၎င်း၏ လျော်ကြေးစာချုပ် ကြောင့် အသင်းမှ အလွယ်တကူထွက်ခွာသွားမည်ကို စိုးရိမ်လာခြင်းဖြစ်ကြောင်း သိရသည်။ မန်စီးတီးအသင်းသည် ဟာလန်းကို ဒေါ့မွန်အသင်းထံမှ လျော်ကြေးစာချုပ်တန်ဖိုး ပေါင် (၅၁.၂)သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။ 

ထို့နောက် အသင်း နှင့် (၅)နှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုရာတွင် ပေါင်(၁၇၅) သန်းတန် လျော်ကြေးစာချုပ် ထည့်သွင်းချုပ်ဆိုခဲ့ကြောင်း၊ အဆိုပါစာချုပ်အရ အင်္ဂလန်ပြင်ပမှ ကလပ်အသင်းများအ နေဖြင့် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ဟာလန်း အား ပေါင်(၁၇၅)သန်းဖြင့် ခေါ်ယူနိုင်မည်ဖြစ်ပြီး လာမည့်နှစ် များ၌ တစ်နှစ်ထက်တစ်နှစ် တန်ဖိုးလျော့ကျသွားမည်ဖြစ် ကြောင်း သိရသည်။ ထို့ကြောင့် မန်စီးတီးအသင်းသည် လာမည့် ၂၀၂၅ နွေရာသီ၌ ဟာလန်းအား ပေါင်သန်း(၁၅၀) ဝန်းကျင်ဖြင့် ဆုံးရှုံးရမည့်အခြေအနေကို စိုးရိမ်လာခြင်းဖြစ်ကြောင်း သိရသည်။ ယင်းအတွက် သက်တမ်းတိုးစာချုပ်ပြင် ဆင်ချုပ်ဆိုပြီး လျော်ကြေးစာချုပ်ကို ဖယ်ရှားပစ်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း Mirror က ဖော်ပြခဲ့ခြင်းဖြစ်သည်။

မန်စီးတီးအသင်း၏ နည်းပြ ဂွါဒီယိုလာသည် ၂၀၂၅ ခုနှစ်တွင် အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး မန်စီးတီးအသင်းက သက်တမ်းတိုးရန် ဆန္ဒရှိနေသော်လည်း ၎င်းက လမ်းခွဲဖွယ်ရှိကြောင်း ပြောကြားထားသည်။ ထို့ကြောင့် မန်စီးတီးအသင်းတာဝန်ရှိသူများက ဟာလန်းနှင့် ဂွါဒီယိုလာ တို့နှစ်ဦးစလုံးအား တစ်ပြိုင်နက်ဆုံးရှုံးရမည်ကို ပိုမိုစိုးရိမ်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။ ဂွါဒီယိုလာက အသင်းတွင် ဆက်နေရန်ထက် ထွက်ခွာရန် ပိုမိုနီးကပ်လာပြီဟု ပြောကြားခဲ့သလို၊ ဟာလန်းကလည်း အနာဂတ်က ယူဆောင်လာမည့် အရာကို သိနိုင်သူမရှိဟု ပြောကြားခဲ့ဖူးသည်။ 

ဟာလန်းသည် မန်စီးတီးအသင်းတွင် ခြေစွမ်းပြနေသော်လည်း ၎င်းအနေဖြင့် ပရီးမီးယားလိဂ်တွင် ကစားသမားဘဝကို အဆုံးသတ်သွားမည်မဟုတ်ဘဲ လာလီဂါသို့ သေချာပေါက်ပြောင်းရွှေ့ကစား လိမ့်မည်ဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။ ဟာ လန်းသည် ရီးယဲလ်နှင့် ဘာစီလိုနာအသင်းများတွင် ကစားလိုကြောင်း ဖွင့်ဟခဲ့ဖူးသူဖြစ်ပြီး တစ်ချိန်ချိန်၌ ယင်းနှစ်သင်းအနက် တစ်သင်းသင်းထံ ရောက်ရှိလိမ့်မည်ဟုလည်း ထင်ကြေးပေးခံထားရသည်။ ဟာလန်းအနေဖြင့် လက်ရှိအချိန်၌ မန်စီးတီးမှ ထွက်ခွာရန် စိတ်ကူးမရှိသေးသော်လည်း နည်းပြ ဂွါဒီယိုလာ လမ်းခွဲရန် ဆုံးဖြတ်ခဲ့ပါက ၎င်း၏စိတ် အပြောင်းအလဲဖြစ်သွားမည်ကို မန်စီးတီးအသင်း တာဝန်ရှိသူများက ပူပန်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။

သို့သော် မန်စီးတီးအသင်းနှင့် ဟာလန်းတို့ ချုပ်ဆိုထားသည့် စာချုပ်တွင် လျော်ကြေးစာချုပ် ပါဝင်ခြင်းရှိ၊ မရှိဆိုသည့် အငြင်းပွားမှု ရှိနေကြောင်းလည်း သိရသည်။ ယင်းအတွက် ၎င်း၏ အေးဂျင့်ဖြစ်သူ ပီမန်တာအား ပြီးခဲ့သည့်နှစ်အတွင်း ဂျာနယ်လစ်အချို့က မေးမြန်းခဲ့ရာ ၎င်းက “ဟာလန်းရဲ့ စာချုပ်အကြောင်းကို သိတာ မန်စီးတီးအသင်းရယ်၊ သူ့အဖေရယ်၊ သူကိုယ်တိုင်ရယ်၊ ကျွန်မရယ်ပဲ ရှိပါတယ်”ဟု တုံ့ပြန်ခဲ့သည်။ ပီမန်တာသည် နာမည်ကျော်အေးဂျင့် ရိုင်အိုလာ၏ လက်အောက်တွင် လုပ်ဆောင်ခဲ့သူဖြစ်ပြီး ရိုင်အိုလာဆုံးပါးသွားပြီးနောက် ဟာလန်း၏အေးဂျင့် ဖြစ်လာခဲ့သူဖြစ်သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments