Wednesday, March 4, 2026
spot_img
spot_img

ဘိုင်ယန်မြူးနစ်မှ ထွက်ခွာရန် စဉ်းစားနေသည်ဆိုသည့် သတင်းများကို သွင်းဂိုးအာမခံချက်ဖြင့် ဟာရီကိန်း ငြင်းဆန်ပယ်ချ

ဘိုင်ယန်မြူးနစ်အသင်း၏ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟာရီကိန်းက လာမည့်နွေရာသီတွင် ဘိုင်ယန်မြူးနစ်အသင်းမှ ထွက်ခွာရန် စဉ်းစားနေသည် ဆိုသည့်သတင်းများကို လာမည့်ရာသီအသင်းအတွက် သွင်းဂိုးအာမခံချက်နှင့်အတူ ပယ်ချခဲ့ကြောင်း သိရှိရသည်။

ဘိုင်ယန်မြူးနစ်အသင်းသည် ထိပ်တန်းနည်းပြ အတွေ့အကြုံမရှိသေးသည့် ကွန်ပနီအား ခန့်အပ်ခဲ့ပြီးနောက် ဟာရီကိန်းသည် အသင်းမှ ထွက်ခွာရန် စဉ်းစားနေသည်ဟု သတင်းများထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ 

ဘိုင်ယန် မြူးနစ်အသင်းကမူ ထိပ်တန်းပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူ ထားသည့် ၎င်းတို့အသင်း၏ တိုက်စစ်မှူး ဟာရီကိန်းအား အသင်းတွင် သေချာပေါက်ဆက်ရှိနေမည်ဟု ဆိုထားသော်လည်း ကိန်းကိုယ်တိုင်ကမူ အောင်မြင်မှုများအတွက် အာမခံချက်ရှိမည့် အသင်းတစ်သင်းသင်းထံ ပြောင်းရွှေ့လိုသည်ဟု ကောလာဟလများထွက်ပေါ်လာခဲ့ခြင်းလည်း ဖြစ်သည်။

နောက်ဆုံးတွင် ဟာရီကိန်းကိုယ်တိုင်က ဘိုင်ယန်မြူးနစ်အသင်းတွင် သေချာပေါက်ဆက်ရှိနေမည်ဆိုသည့်  အကြောင်းကို Globe Soccer Awards ၏ အကောင်းဆုံးအဆုံးသတ်သမားဆုကို ၂၀၂၃-၂၄ ရာသီအတွက် ရရှိခဲ့ပြီးနောက်  “ဒီဆုကို ဆွတ်ခူးရရှိခဲ့တဲ့အတွက် ကျွန်တော် အရမ်းဂုဏ်ယူမိပါတယ်။ တကယ်တော့ ကျွန်တော် ဒီဆုကို ရရှိခဲ့တယ်ဆိုတာ ကျွန်တော့်အသင်းနဲ့ ကျွန်တော့်အသင်းဖော်တွေကြောင့်ပါ။ သူတို့အားလုံးက ကျွန်တော့်ရဲ့ပထမဆုံးရာသီမှာ အနွေးထွေးဆုံး ကြိုဆိုခဲ့ကြပြီး အကောင်းဆုံးကူညီခဲ့ကြတဲ့အတွက် ကျွန်တော် အခုလို စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ လာမယ့်ရာသီမှာ အသင်းအတွက် အခုထက်ပိုများတဲ့ ဂိုးအရေအတွက်ကို သွင်းယူသွားဖို့ ရည်ရွယ်ထားပါတယ်”ဟု ပြောကြားခဲ့သည်။

ဟာရီကိန်းသည် သူ၏ ပထမဆုံးရာသီတွင် ဘိုင်ယန်မြူးနစ်အသင်းအတွက် ဘွန်ဒစ်လီဂါပွဲစဉ် (၃၂) ပွဲတွင် သွင်းဂိုး (၃၆) ဂိုးအထိ သွင်းယူနိုင်ခဲ့သလို၊ ပြိုင်ပွဲစုံအနေဖြင့်လည်း စုစုပေါင်း ပွဲပေါင်း (၄၅) ပွဲကစားခဲ့ရာတွင် (၄၄) ဂိုးအထိ သွင်းယူနိုင်ခဲ့ကာ ဥရောပဂိုးသွင်းအများဆုံးရွှေဖိနပ်ဆု (ESM) ကိုလည်း ဆွတ်ခူးနိုင်ခဲ့သည်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments