Thursday, October 23, 2025
spot_img
spot_img

ဆော်ဒီအသင်းပိုင်ရှင်များကြောင့် ကမ္ဘာ့အချမ်းသာဆုံးကလပ်အသင်းအဖြစ် တံဆိပ်ကပ်ခံရခြင်းမှာ နယူးကာဆယ်အတွက် ခက်ခဲသည်ဟု အက်ဒီဟောင်း ဝန်ခံ

နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟောင်းက ဆော်ဒီအသင်းပိုင်ရှင်များကြောင့် ကမ္ဘာ့အကောင်းဆုံးကလပ်အသင်းအဖြစ် တံဆိပ်ကပ်ခံရခြင်းမှာ မိမိတို့အသင်းအတွက် ခက်ခဲကြောင်း ဝန်ခံပြောကြားခဲ့သည်။

ဆော်ဒီအစိုးရကျောထောက် နောက်ခံပြု PIF နှင့်အဖွဲ့သည် ၂၀၂၁ အောက်တိုဘာတွင် နယူးကာဆယ်အသင်းကို ပေါင်(၃၀၅)သန်းဖြင့် ဝယ် ယူခဲ့သည်။ PIF ၏ ချမ်းသာကြွယ်ဝမှုကြောင့် နယူးကာဆယ်အသင်းမှာ ကမ္ဘာပေါ်တွင် အချမ်းသာဆုံးကလပ် အသင်းဖြစ်လာခဲ့ပြီး နာမည်ရကစားသမားများကိုလည်း ခေါ်ယူနိုင်ခဲ့သည်။

နယူးကာဆယ်အသင်းသည် ၂၀၂၂- ၂၃ ရာသီ ပရီးမီးယားလိဂ်၌ အဆင့် (၄) ရရှိခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ပင်ရရှိခဲ့သည်။ သို့သော် အက်ဒီဟောင်းက ကမ္ဘာ့အချမ်းသာဆုံးကလပ်အသင်းအဖြစ် သတ်မှတ်ခံရခြင်းမှာ ၎င်းတို့အတွက် အခက်အခဲဖြစ်ပြီး ပြီးခဲ့သည့်နွေရာသီက FFP စည်းမျဉ်းနှင့် ကိုက်ညီရန် စိန့်မက်ဆီမင်ကို ရောင်းထုတ်ခဲ့ရကြောင်း ပြောကြားခဲ့သည်။

အက်ဒီဟောင်းက “နယူးကာဆယ်ဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးကလပ်အသင်းဆိုပြီး မီဒီယာတွေ ဖော်ပြနေကြတယ်။ ဒါက ကျွန်တော်တို့အတွက် အခက်အခဲဖြစ်ပြီး ဖိအားဖြစ်စေပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့အနေနဲ့ အချမ်းသာဆုံးကလပ်ဆိုပေမဲ့ တကယ်တမ်းတော့ အဲဒီလိုမနေရလို့ပါ။ ဘဏ္ဍာရေးစည်းမျဉ်းကြောင့် စိန့်မက်ဆီမင်ကို ကျွန်တော်တို့ ရောင်းခဲ့ရတယ်။ အခုလည်း ဘဏ္ဍာရေး စည်းမျဉ်းနဲ့ကိုက်ညီအောင် ကြိုးစားနေရတုန်းပါပဲ” ဟု ပြောကြားခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments