Wednesday, March 4, 2026
spot_img
spot_img

ချယ်လ်ဆီးနည်းပြဟောင်း ဂရေဟမ်ပေါ်တာကို ဥရောပကလပ်များ စိတ်ဝင်စားနေ

ချယ်လ်ဆီးအသင်းနည်းပြဟောင်းဖြစ် သူ ဂရေဟမ်ပေါ်တာကို နည်းပြအဖြစ် ခန့် အပ်ရန် ဥရောပတစ်ဝန်းက ကလပ်အသင်း များစွာမှ စိတ်ဝင်စားလျက်ရှိနေကြောင်း သိ ရသည်။

သို့သော် ဂရေဟမ်ပေါ်တာသည် သူ၏ အလုပ်သစ်အတွက် အချိန်ယူစဉ်းစားဖွယ်ရှိ သည်ဟု BBC Sports က ရေးသားခဲ့သည်။  အသက် ၄၈ နှစ်အရွယ်ရှိပြီဖြစ်သူ ဂရေဟမ် ပေါ်တာသည် ၂၀၂၃ ခုနှစ် ဧပြီလက ချယ်လ် ဆီးအသင်းနည်းပြရာထူးမှ ထုတ်ပယ်ခံရပြီး ကတည်းက အသင်းလက်မဲ့ ဖြစ်နေခြင်းဖြစ် သည်။ ဆွမ်ဆီးနှင့် ဘရိုက်တန်အသင်းများ ကိုလည်း ကိုင်တွယ်ခဲ့ဖူးသူ ဂရေဟမ်ပေါ်တာ အနေဖြင့် ပြီးခဲ့သည့်အောက်တိုဘာလက တည်းက အမြဲတမ်းနည်းပြမရှိသည့် အေ ဂျက်စ်အသင်းနှင့် ဆွေးနွေးနေကြောင်း သိရ သည်။ ထို့ပြင် နွေရာသီတွင် မန်ယူနည်းပြ ဖြစ်လာနိုင်သူများစာရင်းတွင်လည်း ပါဝင် လျက်ရှိသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments