Monday, September 29, 2025
spot_img
spot_img

တန်ဟတ် ခေါင်းခံရတော့မယ့် ဆိုးရှား လက်ထက်က အဝယ်မှား ၂ ခုကို ထောက်ပြလိုက်တဲ့ ပေါလ်စခိုး

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္ထဝင် ကစားသမား တယောက် ဖြစ်တဲ့ ပေါလ်စခိုး က ရာဖေး ဗာရန်း နဲ့ ဂျေဒန် ဆန်ချို တို့ကို ခေါ်ယူ ခဲ့တဲ့ အသင်းရဲ့ လူသစ်စုဆောင်းရေး လုပ်ငန်းစဉ် အပေါ် ဝေဖန်ပြောဆို သွားခဲ့ပြီး လက်ရှိ နည်းပြ အဲရစ် တန်ဟတ် ဟာ အဆိုပါ ကစားသမားတွေ အတွက် ခေါင်းခံ ပေးရတော့မယ်လို့ ပြောဆို သွားခဲ့ ပါတယ် ။

အသင်းမှာ နှစ်ပေါင်းများစွာ ပေးဆပ် ကစားခဲ့ပြီး ဘောလုံးသမား ဘဝကို ယူနိုက်တက်နဲ့စ ၊ ယူနိုက်တက်နဲ့ပဲ အဆုံးသတ် ခဲ့တဲ့ ပေါလ်စခိုး ဟာ အသင်းရဲ့ လူသစ်ရှာဖွေ ခေါ်ယူမှုတွေ အပေါ် လွန်ခဲ့တဲ့ နှစ်အနည်းငယ် ကတည်းကပင် ဝေဖန် ပြောဆို လာခဲ့တာ ဖြစ်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ ပြီးခဲ့တဲ့ ရာသီ မစတင်ခင် တုန်းက ကာလရှည် ပစ်မှတ် ဖြစ်တဲ့ ဂျေဒန် ဆန်ချို နဲ့ ရီးရဲ ဝါရင့် ခံစစ်သမားကြီး ရာဖေး ဗာရန်း တို့ ၂ ယောက်ကို သန်း ၁၀၀ ကျော် အကုန်အကျ ခံကာ ခေါ်ယူခဲ့ ပါတယ် ။

အခု နွေရာသီမှာလည်း အန်တိုနီ ၊ ကက်စမဲရိုး ၊ မာတီနက် ၊ မာလာစီယာ တို့ကို သန်း ရာချီ အကုန်ခံကာ ထပ်မံ ခေါ်ယူ အားဖြည့် ခဲ့ရပြန်ပါတယ် ။

စခိုး ကတော့ အဲရစ်တန်ဟတ် ရောက်မလာခင်တုန်းက ခေါ်ယူခဲ့တဲ့ ဆန်ချို နဲ့ ဗာရန်း တို့ အပေါ် အားရ ကျေနပ်မှု ရှိပုံ မရဘဲ အသင်းဘက်က အဆိုပါ ခေါ်ယူမှုတွေ အတွက် တာဝန်ခံမယ့်သူ ဘယ်သူ မှ မရှိတာကြောင့် ( ကစားသမားတွေ ခြေစွမ်းမပြခဲ့ပါက ) အဲရစ် တန်ဟတ် ခေါင်းပေါ်ကိုသာ ဝေဖန်သံတွေ ကျရောက်တော့မယ်လို့ ပြောဆို သွားခဲ့ ပါတယ် ။

“ဂျေဒန် ဆန်ချို လို လူငယ် တယောက်အတွက် မန်ချက်စတာ ယူနိုက်တက် တို့ ငွေတွေ အများကြီး သုံးခဲ့ရ ပါတယ် ။ အခုထိ သူ ဒီမှာ ( ပရီးမီးယားလိဂ် ) ဘာမှ သက်သေမပြနိုင်သေး ပါဘူး ။

နောက်ပြီးတော့ ရာဖေး ဗာရန်း ၊ သူသာ တကယ်ကောင်းတယ် ဆိုရင် ရီးရဲမက်ဒရစ် က ဘာလို့ သူ့ကို လက်လွှတ် လိုက်ရတာလဲ”

“မနှစ်က ရာသီကို ပြန်ကြည့်မယ် ဆိုရင် သူ ( ဗာရန်း ) က ထိုက်တန်တဲ့ ခေါ်ယူမှု ဖြစ်ခဲ့တယ်လို့ ကျွန်တော် မထင်မိ ပါဘူး ။ ဒီလူ ၂ ယောက်ကို ခေါ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အသင်းမှာ ဘယ်သူမှ တာဝန်ခံမယ့်သူလည်း မရှိကြတော့ ပါဘူး” လို့ စခိုးက ပြောဆို ဝေဖန်သွားခဲ့ ပါတယ် ။

ပေါလ်စခိုး ဟာ အခု ရာသီမှာ ထပ်ရောက်လာတဲ့ ဝါရင့် ကွင်းလယ်လူ ကက်စမဲရိုး ရဲ့ အပြောင်းအရွှေ့ အပေါ်လည်း ကျေနပ်မှု ရှိပုံ မရခဲ့ပါဘူး ။

“ကက်စမဲရိုး အပြောင်းအရွှေ့ က ၂ ရက်အတွင်းမှာပဲ ပြီးသွားခဲ့တာပါ ။ ဒါက နည်းပြ ခေါ်ချင်ခဲ့တဲ့ လူ ဟုတ်လား မဟုတ်ဘူးလားဆိုတာ ကျွန်တော် သေချာမပြောတတ် ပါဘူး ။ ငွေတွေ အများကြီး ပေးလိုက်ရတယ် ၊ ကာလရှည် စာချုပ်လည်း ချုပ်လိုက်ရပါတယ် ။ အသင်းရဲ့ လူသစ်စုဆောင်းရေးမှာ အပြောင်းအလဲ လုပ်ပေးသင့်ပြီလို့ ခံစားမိပါတယ် ။ ဒီလိုမှ မဟုတ်ရင် နည်းပြကပဲ ခေါင်းခံ နေရမှာပါ” လို့ စခိုးက ပြောဆိုသွားခဲ့ ပါတယ် ။

ဆက်လက်ပြီး စခိုး က အသင်းဖော်ဟောင်း ဖြစ်ခဲ့ဖူးတဲ့ အိုလီဂန်နာ ဆိုးရှား ထုတ်ပယ် ခံရမှုဟာ ယူနိုက်တက် ကစားသမားတွေရဲ့ အခန်းကဏ္ဍဟာ များစွာ အဓိကကျ ခဲ့တယ်လို့ ပြောဆိုခဲ့ ပါတယ် ။

ယူနိုက်တက် မှာ ကွင်းထဲမှာ ခြေစွမ်းထုတ်ပြီး ဝေဖန်မှုတွေကို တိတ်ဆိတ်စေမယ့် အစား အပြင်မှာ ထုတ်ပြောပြီး ပွဲဆူစေတဲ့ ကစားသမားတွေ များပြား လာခဲ့တာဟာ အသင်းရဲ့ တည်ငြိမ်မှုကို ပျက်ယွင်းပြီး ဆိုးရှား ကို ထိန်းသိမ်းရ ခက်စေခဲ့တယ်လို့ စခိုး က သုံးသပ် ပြောဆို သွားခဲ့ ပါတယ် ။

ဆန်ချို ဟာ ဒေါ့မွန် ကနေ ပြောင်းရွှေ့ လာတဲ့ မနှစ်က ရာသီမှာ ယူနိုက်တက် အတွက် ၃၈ ပွဲ ကစားပေးခဲ့ပြီး ၅ ဂိုးသာ သွင်းယူကာ ၃ ဂိုးသာ ဖန်တီး နိုင်ခဲ့ ပါတယ် ။

ဗာရန်း နဲ့ ဆန်ချို တို့ဟာ အခု ရာသီမှာတော့ နည်းပြ တန်ဟတ် ရဲ့ အစီအစဉ်ထဲမှာ ပွဲထွက် ကစားသမားတွေ အဖြစ် ပါဝင်ခွင့် ရရှိနေပြီး ဗာရန်း + မာတီနက် ခံစစ်အတွဲ ဟာ ဟယ်ရီ မက်ဂွဲယား ကို အရန်ခုံပေါ် ရောက်ရှိ စေခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ အခု လာမယ့် တနင်္ဂနွေနေ့မှာ မန်ချက်စတာ ဒါဘီ အဖြစ် မြို့ခံ ပြိုင်ဘက် မန်စီးတီး နဲ့ အစ်တီဟတ် ကွင်းမှာ ယှဉ်ပြိုင် ကစားသွားရမှာ ဖြစ်ပါတယ် ။

အဆိုပါ ပွဲ အပြီးမှာတော့ ယူရိုပါလိဂ် ပွဲ ကစားဖို့ အတွက် ဆိုက်ပရပ် ကို ထွက်ခွာရမှာ ဖြစ်ကာ နောက်တပတ် ပိတ်ရက် မှာတော့ အဲဗာတန် အသင်းနဲ့ အဝေးကွင်း ပွဲစဉ်ကို ထပ်မံ ကစားသွားရ ဦးမှာပဲ ဖြစ်ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments