Wednesday, March 4, 2026
spot_img
spot_img

ဂရီးလစ်ရှ်အား ကွင်းအတွင်း ဆူပူခဲ့ခြင်းမှာ လူအများ၏အာရုံစိုက်မှုကိုရရှိရန်နှင့် မိမိ၏အတ္တအတွက်ဖြစ်ကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာ အရွဲ့တိုက်ပြောကြား

မန်စီးတီးနည်းပြ ဂွါဒီယိုလာက အာဆင်နယ်နှင့်ပွဲအပြီးတွင် အသင်းကွင်းလယ်ကစားသမား ဂရီးလစ်ရှ်အားကွင်း အတွင်းဝင်ရောက်ပြီး လူမြင်ကွင်းတွင် ဆူပူကြိမ်းမောင်းခဲ့ခြင်းမှာ လူအများ၏အာရုံစိုက်မှုကို ရရှိရန်နှင့် မိမိ၏အတ္တအတွက်ဖြစ်ကြောင်း အရွဲ့တိုက်ပြောကြားခဲ့သည်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် မတ်လ (၃၁)ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် မန်စီးတီး (ဝ-၀)အာဆင်နယ်ပွဲအပြီးတွင် ကွင်းအတွင်း ဝင်ရောက်ပြီး လူမြင်ကွင်းမှာပင် အသင်းကွင်းလယ်ကစားသမား ဂရီးလစ်ရှ်အား ဆူပူ ကြိမ်မောင်းခဲ့သည်။

ဂရီးလစ်ရှ်သည် အဆိုပါပွဲစဉ်၌ ပွဲချိန် (၆၁) မိနစ်တွင်မှ ကိုဗာချစ်အစား လူစားဝင်ကစားခဲ့ရသော်လည်း ဂွါဒီယိုလာသည် ပွဲအပြီးတွင် ၎င်း၏ကစားပုံနှင့် ပတ်သက်ပြီး ဘဝင်မကျသဖြင့် ဆူပူခဲ့ခြင်းဖြစ်သည်။

ဂွါဒီယိုလာ၏ အဆိုပါလုပ်ရပ်ကို ဘောလုံးဝေဖန်သူများနှင့် မီဒီယာများက ဝေဖန်ခဲ့ကြပြီး ၎င်းအနေဖြင့် အဝတ်လဲခန်းသို့ရောက်ချိန်မှသာ ယင်းသို့လုပ်သင့်သည်ဟု သုံးသပ်ခဲ့ကြသည်။

အဆိုပါဖြစ်ရပ်နှင့် ပတ်သက်ပြီး အက်စတွန်ဗီလာနှင့် ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်တစ်ယောက်က ဂွါဒီယိုလာအား ဘာကြောင့် ဂရီးလစ်ရှ်ကို လူမြင်ကွင်းတွင် ဆူပူကြိမ်းမောင်းခဲ့သနည်းဟု မေးမြန်းခဲ့သည်။

ယင်းမေးခွန်းကို ဂွါဒီယိုလာက မိမိ၏အတ္တအတွက်၊ မိမိ၏စိတ် ကျေနပ်မှုအတွက် ဖြစ်ကြောင်း ပြန်ဖြေခဲ့ခြင်းဖြစ်သည်။ ဂွါဒီယိုလာက “ကင်မရာနဲ့ ကျွန်တော့်ရဲ့ အတ္တအတွက် အဲဒီလို လုပ်ခဲ့တာပါ။ (မန်စီးတီး)အသင်းမှာ ကျွန်တော်က နာမည်အကျော်ဆုံးပါ။ ဒါကြောင့် ကင်မရာတွေက ကျွန်တော့်ကို ရိုက်နေမှ ကျွန်တော့်အနေနဲ့ အရမ်းကိုစိတ်ကျေနပ်မှုရပြီး အိပ်ပျော်တာပါ။ ကျွန်တော်ဟာ ကွင်းအတွင်းမှာ အသင်းကစားသမားတွေကို ဝေဖန်ဖို့၊ ဆူပူကြိမ်းမောင်းဖို့ ကြိုးစားလေ့ရှိပြီး သူတို့ ဘယ်လိုဆိုးကြောင်း သိအောင်လုပ်လေ့ရှိပါတယ်။ ကင်မရာကို အဲဒီအတွက် သုံးပါတယ်။ ဒီတော့ ကျွန်တော် အကြံပေးချင်တာက နောက်တစ်ခါ ကျွန်တော့်ကို မရိုက်ပါနဲ့။ ဒါက ကျွန်တော်တို့ကို ပြဿနာ မဖြစ်စေပါဘူး”ဟု ဆိုခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments