Wednesday, March 4, 2026
spot_img
spot_img

နည်းပြသစ်အဖြစ် အလွန်ဆိုကို ခန့်အပ်ရန်ကြိုးပမ်းမှု လက်လျှော့ခဲ့ရပြီးနောက် အခြားနည်းပြ သုံးဦးကို ဘိုင်ယန်မြူးနစ် ပစ်မှတ်ထားနေ

ဘိုင်ယန်မြူးနစ်အသင်းသည် ယခုရာသီကုန်တွင် နည်းပြ တူဟယ်လ်နှင့် လမ်းခွဲပြီးနောက် အစားထိုးမည့်နည်းပြသစ်အဖြစ် လေဗာကူဆင်အသင်းမှ အသင်းကစားသမား အလွန်ဆိုကို ကြိုးပမ်းခဲ့သော်လည်း လက်လျှော့ခဲ့ရသဖြင့် အခြားနည်းပြသုံးဦးကို ပစ်မှတ်ထားလာကြောင်း သိရသည်။

ဗြိတိန်သတင်းစာ The Times က ဘရိုက်တန်အသင်းမှ ဒီဇယ်ဘီသည် ဘိုင်ယန်မြူးနစ်နည်းပြသစ်အဖြစ် ထိပ်ဆုံးမှ ရေပန်းစားလာကြောင်း ဖော်ပြခဲ့သည်။ အီတလီဂျာနယ်လစ် ရိုမာနိုကလည်း ဒီဇယ်ဘီနှင့် ဘိုင်ယန်အသင်းအကြား ဆွေးနွေးမှုများပင် စတင် နေပြီဖြစ်ကြောင်း ရေးသားခဲ့သည်။ 

ဒီဇယ်ဘီ သည် ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်း လီဗာပူးလ်နှင့်မူ ဆွေးနွေးခြင်းမရှိကြောင်း သိရသည်။ ၎င်းသည် သူ၏အနာဂတ်ကို ဆုံးဖြတ်ရန်အတွက် ဘရိုက်တန်အသင်း ဘုတ်အဖွဲ့နှင့် မကြာမီဆွေးနွေးသွားဖွယ်ရှိသည်။ ဒီဇယ်ဘီ၏စာချုပ်တွင် ခေါ်ယူလိုသည်အသင်းများ အနေဖြင့် လျော်ကြေးပေးရမည့်အချက် ပါဝင်ပြီး ပေါင် ၁၂ သန်းနှင့် ၁၃ သန်းအကြား ရှိကြောင်း သိရသည်။ ဒီဇယ်ဘီသည် ၂၀၂၂ စက်တင်ဘာလက အင်္ဂလန်သို့ ရောက်လာခဲ့ ပြီး ပြီးခဲ့သည့်ရာသီက အဆင့် ခြောက်နေရာ နှင့် ကလပ်အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဥရောပဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးခဲ့သည်။ 

အခြားနှစ်ဦးမှာ အသင်း နည်းပြဟောင်းဖြစ်သူ ဂျာမနီအသင်းနည်းပြ နာဂယ်စ်မန်းနှင့် သြစတြီးယားအသင်းနည်းပြ ရန်းနစ်ခ်တို့ဖြစ်သည်။ ဘိုင်ယန်မြူးနစ်အသင်းသည် အလွန်ဆို ကို လီဗာပူးလ်နှင့်အပြိုင် ကြိုးပမ်းခဲ့သော်လည်း ၎င်းက လာမည့်ရာသီလေဗာကူဆင် အသင်းတွင်ပင် ဆက်ရှိမည်ဟု မတ်လ ၂၉ ရက်က ပြောကြားပြီးနောက် အထက်ပါ နည်းပြ သုံးဦးမှာ သတင်းထွက်လာခြင်းဖြစ်သည်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments