Wednesday, March 4, 2026
spot_img
spot_img

ထိပ်တန်းလိဂ်ရှုံးထွက်ဖလားပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ကိုပါအီတာလီယာဆီမီးဖိုင်နယ် ( ပကျော့)

ဖီအိုရင်တီးနား – အတ္တလန်တာ (ကြာသပတေးနံနက် ၁း၃၀ နာရီ)

ဖီအိုရင်တီးနားနဲ့ အတ္တလန်တာအသင်းရဲ့ ဆီမီးဖိုင်နယ် လမ်းကြောင်းမှာ အတ္တလန်တာက ပွဲပိုကျပ်တယ်လို့ ပြောရ မယ်။ ဖီအိုရင်တီးနားအသင်းက ပါးမား၊ ဘိုလော့ဂ်နာတို့နဲ့သာ ရင်ဆိုင်ခဲ့ရပေမဲ့ အတ္တလန်တာကတော့ ဆာဆူအိုလို၊ အေစီမီ လန်တို့လိုအသင်းတွေကို အနိုင်ယူခဲ့တာဖြစ်တယ်။ အတ္တလန် တာတိုက်စစ်မှာ ကီတယ်လာရီ ဒဏ်ရာရသွားချိန် ဆကာမာ ကာက သွင်းဂိုးတွေနဲ့ အသုံးတည့်လာတယ်။ ဖီအိုရင်တီးနား အသင်းက နိုင်ပွဲနည်းနေပေမဲ့ အဆိုးရွားကြီးတော့ မဖြစ်သေး ဘူး။ တိုက်စစ်ပိုင်းချင်းယှဉ်ရင်တော့ အတ္တလန်တာအသင်းမှာ လုပ်ရည်ကိုင်ရည်ကောင်းတဲ့သူတွေ ပိုများပါတယ်။ အတ္တလန် တာ အဝေးကွင်းကစားရပေမဲ့ မရှုံးလောက်ဘူး။

ဂျာမန်ဖလားဆီမီးဖိုင်နယ် 

လေဗာကူဆင် – ဒစ်ဆယ်ဒေ့ါဖ် (ကြာသပတေးနံနက် ၁း၁၅ နာရီ)


လေဗာကူဆင်အသင်းအတွက် ဂျာမန်ဖလားက သေချာ နေတဲ့ဆုဖလားလို ဖြစ်နေတယ်။ ဆီမီးဖိုင်နယ်ရောက်(၄)သင်း မှာလည်း ဘွန်ဒစ်လီဂါပြိုင်ဘက် တစ်သင်းမှ မပါဝင်တာက ဗိုလ်စွဲဖို့အတွက် အခွင့်အလမ်းအကောင်းဆုံး ဖြစ်နေတယ်။  တိုက်စစ်မှူး ပက်သရစ်ရှစ်ခ်ကလည်း အမြင့်ဆုံးခြေစွမ်းရနေ ပြီး ပွဲတိုင်းနီးပါး ဂိုးသွင်းယူထားတယ်။ ဒစ်ဆယ်ဒေါ့ဖ်ကတော့ ဘွန်ဒစ်လီဂါ-၂ အမှတ်ပေးဇယားမှာ အဆင့်(၃)နေရာ ရပ် တည်နေတဲ့အသင်းပါ။ လတ်တလော Form လည်း ကောင်း နေပေမဲ့ လေဗာကူဆင်ကို ဒုက္ခမပေးနိုင်လောက်ဘူး။ လေဗာ ကူဆင် အနိမ့်ဆုံး(၂)ဂိုးပြတ်မယ်။

 ပြင်သစ်ဖလားဆီမီးဖိုင်နယ် 

PSG – ရန်းစ် (ကြာသပတေးနံနက် ၁း၄၀ နာရီ)

PSG အသင်းနည်းပြ လူးဝစ်အန်နရီကေးအဖို့ ဒီရာသီမှာ ပြည်တွင်းဖလား နှစ်လုံးစလုံး ရယူထားနိုင်မှ အောင်မှတ်ရပါ လိမ့်မယ်။ ရန်းစ်အသင်းက PSG အသင်းကို မကြာခဏ ဒုက္ခ ပေးတတ်တာကိုတော့ သတိပြုရမယ်။ ဒါပေမဲ့ ပါရီမြေမှာတော့ ရန်းစ်အသင်း မျှော်လင့်ချက်မရှိနိုင်ဘူးထင်တယ်။ PSG ကိုပဲ ရွေးချယ်ချင်တယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments