Wednesday, March 11, 2026
spot_img
spot_img

စီရော်နယ်လ်ဒိုထံမှ လက်ဆောင်ရထားသည့် ဖိနပ်ကို ပျက်စီးသွားမည်စိုးသဖြင့် အသုံးမပြုဘဲ သေချာသိမ်းဆည်းထားကြောင်း ရပ်ရှ်ဖို့ဒ် ဖွင့်ဟ

မန်ယူတိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်က အသင်းဖော်ဟောင်း စီရော်နယ်လ်ဒိုထံမှ အထူးလက်ဆောင်အဖြစ်ရရှိထားသည့် ဖိနပ်ကို ပျက်စီးသွားမည်စိုးသဖြင့် အသုံးမပြုဘဲ သေချာသိမ်းဆည်းထားကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

ရပ်ရှ်ဖို့ဒ်နှင့် စီရော်နယ်လ်ဒိုတို့သည် မန်ယူအသင်းတွင် ၂၀၂၁ ခုနှစ် မှ ၂၀၂၂ ခုနှစ်အထိ အတူတွဲကစားခဲ့ပြီး စီရော်နယ်လ်ဒိုသည် အသင်းနည်းပြ တန်ဟက်ဂ်နှင့် ဆက်ဆံရေး အဆင်မပြေဖြစ်ကာ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းထံသို့ ပြောင်းရွှေ့သွားခဲ့သည်။

မန်ယူအသင်းမှ စီရော်နယ်လ်ဒို ထွက်ခွာသွားခဲ့သော်လည်း ၎င်းနှင့် ရပ်ရှ်ဖို့ဒ်တို့အကြား ထူးခြားသည့်ဆက်ဆံရေးရှိပြီး ရပ်ရှ်ဖို့ဒ်က စီရော်နယ်လ်ဒိုသည် ၎င်း၏အမြဲတမ်း Idol ဖြစ်ကြောင်း ပြောကြားထားသည်။

စီရော်နယ်လ်ဒိုသည် မန်ယူအသင်းထံသို့ ပြန်မလာမီ ၂၀၁၈ ခုနှစ်က ရပ်ရှ်ဖို့ဒ်ထံ အနီရောင် Nike Air Max 97 CR7 လေ့ကျင့်ရေး ဖိနပ်ကို လက်ဆောင်ပေးခဲ့ပြီး ထိုစဉ်က ရပ်ရှ်ဖို့ဒ်သည် ၎င်း၏ Instagram တွင် ယင်းဖိနပ်နှင့် “လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ် ခရစ္စတီယာနို” ဟု ရေးသားကာ တင်ခဲ့သည်။

ယခုအခါ Sneaker Shopping TV Shwo တွင် ရပ်ရှ်ဖို့ဒ်က “အဲဒီဖိနပ်ကို ဘယ်သူမှ ထိခွင့်မရှိပါဘူး။ စီရော်နယ်လ်ဒိုက ကျွန်တော့်ရဲ့ ဟီးရိုးပါ။ သူပေးတဲ့ဖိနပ်ကို အရမ်းကြိုက်ပါတယ်။ ဒါပေမဲ့ ဝတ်လိုက်ရင် ပျက်စီး သွားမှာစိုးလို့ မဝတ်ရဲပါဘူး။ ဒါကြောင့် အဲဒီဖိနပ်ကို ဒီအတိုင်းပဲ ကျွန်တော် သိမ်းထားပါတယ်”ဟု ဆိုခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments