လီဗာပူးဟာ ဘရိုက်တန် ကွင်းလယ်လူ မွိုက်ကိုင်စီဒိုကို ဗြိတိန်စံချိန်တင် ပြောင်းရွေ့ကြေး ပေါင်သန်း 110 နဲ့ ခေါ်ယူရန် နီးစပ်တဲ့ အခြေအနေကို ပိုင်ဆိုင်ပြီးနောက် ယာဂန်ကလော့က ပေါင်သန်း 100 တန် အပြောင်းအရွေ့တွေကို လုပ်ရန် သူစိတ်မဝင်စားဘူးလို့ ပြောဆိုခဲ့တဲ့ အပေါ် မှားယွင်းကြောင်း ဝန်ခံသွားခဲ့ပါတယ်။
ယာဂန်ကလော့က “အရာအားလုံးဟာ ပြောင်းလဲသွားပါတယ်။ ကျနော် ဒါကို ကြိုက်သလား? No ပါ။ ကျနော် မှားခဲ့တယ်ဆိုပြီး သဘောပေါက်ခဲ့သလား? အသေအချာပါပဲ။ ဘောလုံးလောကက ဒါမျိုး သွားနေပါတယ်။ ဒါဟာ သိပ်တော့ မကောင်းပါဘူး။

ကျနော် တခြား စကားလမ်းကြောင်း မလွှဲချင်ပါဘူး။ ဒီနေရာမှာ ဆော်ဒီကလည်း အကူအညီ မဖြစ်စေပါဘူး။ ကျနော် ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး။ ဒါဟာ သေချာပေါက် အကူအညီ မဖြစ်စေပါဘူး။ ငွေအရင်းအမြစ်တွေ အများကြီးနဲ့ နောက်ထပ် ဈေးကွက် တခုပါ။
နောက်ဆုံးမှာတော့ ကျနော်တို့ဟာ ကိုယ့်မှာ ရှိတဲ့ resources နဲ့ပဲ အကောင်းဆုံး အသင်းကို တည်ဆောက်ဖို့ ကြိုးစားနေရပါတယ်။ ဒါကို ကြိုက်မကြိုက်က 50-50 ပါပဲ။ ကျနော်တို့ဟာ အကောင်းဆုံး squad ကို တည်ဆောက်ဖို့ ကြိုးစားနေတယ်ဆိုတာ ယုံကြည်လိုက်ပါ။ ကျနော်တို့ဟာ အိမ်မက်ကမ္ဘာမှာ နေနေတာ မဟုတ်ပါဘူး။ လက်ညှိးထိုးပြီး ကြိုက်တဲ့ ကစားသမား ရွေ့လို့ရတဲ့ အနေအထား မဟုတ်ပါဘူး။
လူတွေက လွန်ခဲ့တဲ့ ၆ နှစ် ၇ နှစ်က ကျနော်ရဲ့ မှတ်ချက်ကို ပြန်ဖော်ပြီး ပြောနေကြပါတယ်။ လုံးဝ ပြသနာ မရှိပါဘူး။ ဒါဟာ အဲဒီနေ့က ကျနော်ရဲ့ အတွေးပါ။ အခု ကျနော် မှားယွင်းသွားတယ် ဆိုတာ သဘောပေါက်သွားပါပြီ။ ဒါဟာ ဝန်ခံရ လွယ်ကူပါတယ်။” လို့ ဆိုလိုက်ပါတယ် ။






