Friday, March 13, 2026
spot_img
spot_img

ဟွိုင်လန်းနဲ့ နူးညက်တို့ကြား နှိုင်းယှဉ်ပြောဆိုမှုတွေကို အပြင်းအထန် ကန့်ကွက်လိုက်တဲ့ လီဗာပူးဂန္တ၀င်

လီဗာပူး ဂန္တ၀င် ကစားသမား ဖြစ်သူ စတီဗီနစ်ကိုးက မန်ချက်စတာယူနိုက်တက် တိုက်စစ်မှုးသစ် ဖြစ်လာတော့မယ့် ရက်စ်မက်ဟွိုင်လန်းဟာ ဒါ၀င်နူးနက်နဲ့ နှိုင်းယှဉ်ရလောက်တဲ့ အဆင့်မျိုးမှာ ရှိမနေသေးဘူးလို့ ဆိုလိုက်ပါတယ်။ ဟွိုင်လန်းဟာ ယူနိုက်တက်ကို ပြောင်းရွေ့ကြေး ယူရို ၇၅ သန်း + add-ons ယူရို ၁၀ သန်းနဲ့ ရောက်ရှိလာမှာ ဖြစ်ပြီး မကြာခင် တရား၀င် ကြေငြာမှုကို လုပ်တော့မှာ ဖြစ်ပါတယ်။

အသက် ၂၀ အရွယ် ကစားသမားဟာ ကစားသမားဘ၀မှာ ၈၇ ပွဲ ကစားထားပြီး ၂၇ ဂိုး သွင်းယူထားခဲ့သူ ဖြစ်ပါတယ်။ ဟွိုင်လန်းဟာ ထိပ်တန်း အဆင့် အတွေ့အကြုံလည်း နည်းပါးတဲ့အပြင် goal-scoring record ကလည်း အားရစရာ သိပ်မရှိတာကြောင့် ယူနိုက်တက်ကို မရောက်ခင်ကတည်းက ဖိအားတွေ များနေပြီ ဖြစ်ပါတယ်။

နူးနက် ကတော့ ဘင်ဖီကာမှာ ကစားခဲ့တဲ့ ၂ ရာသီမှာ ၈၅ ပွဲကစား ၄၈ ဂိုး သွင်းယူနိုင်ခဲ့ပြီး အန်ဖီးကို ပေါင် ၈၅ သန်းနဲ့ ရောက်လာခဲ့တာပါ။ ဥရုဂွေး လက်ရွေးစင်ဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူး အတွက် ပြိုင်ပွဲစုံ ၄၂ ပွဲမှာ ၁၅ ဂိုး သွင်းယူခဲ့ပြီး အကောင်းအဆိုး ရောထွေးနေတဲ့ ရာသီကို ကြုံခဲ့ရပါတယ်။ နစ်ကိုးလ် ကတော့ နူးနက်ဟာ ဟွိုင်လန်းထက် အများကြီးသာလွန်တဲ့ ကစားသမားလို့ ဆိုလိုက်ပြီး ယူနိုက်တက် အနေနဲ့ ဒီလို လူငယ် ကစားသမားအတွက် ငွေကြေးများစွာ သုံးစွဲခဲ့တဲ့ အပေါ် နားမလည်နိုင် ဖြစ်နေပါတယ်။

နစ်ကိုးလ်က “နူးနက်ဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးမှာ ဟွိုင်လန်း လိုမျိုး ပွဲတွေ ဆက်တိုက် ကစားခဲ့ရတာ မဟုတ်ပါဘူး။ ကျနော်ကတော့ ဟွိုင်လန်းဟာ လက်ရှိ နူးနက်ရဲ့ အဆင့်အတန်းနဲ့ အဝေးကြီးမှာ ရှိနေတဲ့သူလို့ ထင်ပါတယ်။ ဟွိုင်လန်း အတွက် ပေါင် ၇၅ သန်းလား? ဘယ်လိုဖြစ်ပြီး ပေါင် ၇၅ သန်းလောက် ဖြစ်သွားသလဲ ဆိုတာ ကျနော်လည်း နားမလည်နိုင်ပါဘူး။

လီဗာပူးတို့ နူးနက်အတွက် ဘာကြောင့် ပေါင်သန်း ၈၀ လောက် သုံးခဲ့သလဲဆိုတာ ကျနော် နားလည်လို့ ရပါတယ်။ သူတို့ ဘာကြောင့် ဒီလောက် သုံးခဲ့သလဲ ဆိုတာ ကျနော် နားလည်လို့ ရပါတယ်။ နူးနက်ရဲ့ စွမ်းအင် ပါဝါနဲ့ ခံစစ်တွေကို သူ့ရဲ့ ကျော်ဖြတ်ပြေးတဲ့ ပုံစံတွေကြောင့်ပါ။ သူဟာ ဂိုးရှေ့မှာ တည်ငြိမ်မှု ပျောက်နေတဲ့ တချက်ပဲ လိုအပ်နေတာပါ။

ဒါပေမယ့် နူးနက်ဟာ အခွင့်အရေး လုံး၀ မရတာ မဟုတ်ဘဲ ဂိုးသွင်းယူနိုင်တဲ့ နေရာတွေမှာ ရှိနေခဲ့ပါတယ်။ ဟွိုင်လန်း ကတော့ ဒါမျိုး မလုပ်နိုင်ပါဘူး။ သူဟာ ဒါမျိုး မလုပ်နိုင်သေးတာတော့ သေချာပါတယ်။” လို့ ဆိုလိုက်ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments