မိုက်ကယ် အိုဝင် ကတော့ ၂၀၂၃-၂၄ ဘောလုံး ရာသီ အတွက် ရာသီကုန် ပရီးမီးယားလိဂ် အမှတ်ပေး ဇယား ရပ်တည်မှု ကို ခန့်မှန်း လိုက်ပါပြီ ။ အိုဝင် က ဒီနှစ်လည်း အဆင့် ၁ နေရာ ကို မန်ချက်စတာ စီးတီး အသင်းပဲ ဆက်လက် ရယူလိမ့်မယ်လို့ ခန့်မှန်း လိုက်ပြီး တန်းတက် လူတန်တောင်း ကတော့ ဇယား အောက်ဆုံး နဲ့ တန်းပြန်ဆင်း ရလိမ့်မယ်လို့ ဆိုသွားခဲ့ပါတယ် ။
ပရီးမီးယားလိဂ် ပြိုင်ပွဲ ဟာ လာမယ့် ဩဂုတ်လ ၁၂ ရက်နေ့မှာ စတင်တော့ မှာ ဖြစ်ပြီး အဖွင့် ပွဲစဉ် အဖြစ် ဘန်လေ Vs မန်စီးတီး ကစားမှာ ဖြစ်ပါတယ် ။ အာဆင်နယ် ကတော့ အဖွင့်ပွဲမှာ နော်တင်ဟမ်ဖောရက်စ် ၊ မန်ယူနိုက်တက် က ဝုလ်ဗ် ၊ ချဲလ်ဆီး က လီဗာပူး နဲ့ ကစားရမှာပါ ။

ပရီးမီးယားလိဂ် ပြိုင်ပွဲ ပြန်လည် စတင်ဖို့ နီးကပ်လာတာနဲ့ အမျှ ရာသီသစ် အတွက် ကြိုတင် ခန့်မှန်းမှုတွေကလည်း ဆက်တိုက် ထွက်ပေါ် နေပါတယ် ။ ခန့်မှန်းသူတွေထဲမှာ ပရိသတ်တွေကြားထဲ ရေပန်းစားပြီး အင်္ဂလန် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင် ရဲ့ ခန့်မှန်းမှု ကို ဖော်ပြ ပေးလိုက်ပါတယ် ။

အိုဝင် ရဲ့ ၂၀၂၃-၂၄ ပရီးမီးယားလိဂ် အမှတ်ပေး ဇယား ခန့်မှန်းချက်
၁ ။ မန်စီးတီး
၂ ။ အာဆင်နယ်
၃ ။ လီဗာပူး
၄ ။ မန်ယူနိုက်တက်
၅ ။ ချဲလ်ဆီး
၆ ။ အက်စတန်ဗီလာ
၇ ။ နယူးကာဆယ်
၈ ။ ဘရိုက်တန်
၉ ။ တော့တင်ဟမ်
၁၀ ။ ဘရန့်ဖိုဒ့်
၁၁ ။ ဝက်စ်ဟမ်း
၁၂ ။ အဲဗာတန်
၁၃ ။ နော်တင်ဟမ်ဖောရက်စ်
၁၄ ။ ဖူလ်ဟမ်
၁၅ ။ ခရစ္စတယ်ပဲလေစ့်
၁၆ ။ ဘန်လေ
၁၇ ။ ဘုန်းမောက်
၁၈ ။ ဝုလ်ဗာဟမ်တန်
၁၉ ။ ရှက်ဖီးယူနိုက်တက်
၂၀ ။ လူတန်တောင်း






