လက်စတာ – ဘရန့်ဖို့ဒ် (တနင်္ဂနွေည ရး၃၀ နာရီ)
လက်စတာအသင်းက မနှစ်ကတော့ ထင်ထားသလောက် လုပ်မပြနိုင်ခဲ့ဘူး။ ဒီရာသီ မှာလည်း အရမ်းအားကောင်းတဲ့ ပြင်ဆင်မှုတွေကို မတွေ့ရဘူး။ ဒါပေမဲ့ လက်စတာ လူစာ ရင်းက ကောင်းပြီးသားဖြစ်ပြီး မနှစ်က ဒဏ်ရာပြဿနာတွေကြောင့် ပိုခက်သွားတာလည်း ပါတယ်။ ဘရန့်ဖို့ဒ်ကလည်း မနှစ်ကပုံစံကို ဆက်ထိန်းနိုင်မယ့် ပုံစံမျိုးတွေ့ရတယ်။ အ ကြိတ်အနယ်ကစားရမယ့်ပွဲပါ။ သရေလည်းဖြစ်သွားနိုင်တယ်။
မန်ယူ – ဘရိုက်တန် (တနင်္ဂနွေည ရး၃၀ နာရီ)
မန်ချက်စတာယူနိုက်တက်အသင်းက ရာသီကြို ခြေစမ်းပွဲရဲ့နောက်ဆုံး (၃) ပွဲမှာ ရလဒ်ပိုင်းနည်းနည်းကျသွားတယ်။ ဒါပေမဲ့ အသင်းကပုံစံကောင်းပြနေပါတယ်။ ဂရေဟမ် ပေါ်တာရဲ့ ဘရိုက်တန်ကလည်း မာကျောပြီး အားကောင်းတဲ့အသင်းပါ။ ဒါပေမဲ့ ဒီရာသီ နည်းနည်းလေး အားလျော့မယ်ထင်တယ်။ ဒီပွဲက အိုးလ်ထရက်ဖို့ဒ်မှာ ကစားမယ့်ပွဲဖြစ်ပြီး မန်ယူ နိုင်ပွဲရသွားပါလိမ့်မယ်။
ဝက်စ်ဟမ်း – မန်စီးတီး (တနင်္ဂနွေည ၁၀း၃၀ နာရီ)
မန်စီးတီးအသင်းက ပြီးခဲ့တဲ့ ရာသီနဲ့ ယှဉ်ရင် အပြောင်းအလဲ အနည်းငယ်ရှိတယ်။ စတာလင်၊ ဂျေးဇူး၊ ဇင်ချန်ကိုတို့ အ သင်းက ထွက်သွားကြပြီး နော်ဝေစူပါစတား ဟော်လန်းအပါအဝင် ကစားသမားတချို့ ပြန်ရောက်လာတယ်။ ကယ်လ်ဗင်ဖီးလစ် ဒီပွဲမှာ ကစားဖို့များပြီး လာပေ့ါတ်ကတော့ ဒဏ်ရာကြောင့် လွဲချော်နေဖို့များတယ်။ ဝက်စ်ဟမ်းအသင်းကလည်း အဓိကကစား သမား အန်တိုနီယိုကို အားပြုကစားဦးမှာဖြစ်ပြီး အီတလီတိုက်စစ်မှူး ဆာကာမာကာကိုလည်း အားဖြည့်ထားတာတွေ့ရတယ်။ ဝက်စ်ဟမ်းက အသင်းကြီးတွေကို အခက်တွေ့စေနိုင်လောက်အောင် တောင့်တင်းတဲ့အသင်းဖြစ်ပြီး ဟော်လန်းအတွက် ခက် ခဲတဲ့ ပွဲတစ်ပွဲဖြစ်လာအောင်လည်း ဝက်စ်ဟမ်း ကြိုးစားလိမ့်မယ်။ ဒါပေမဲ့ လီဗာပူးလ်နဲ့ပွဲမှာ မန်စီးတီးကစားခဲ့တဲ့ ခြေစွမ်းအရဆို ရင် ခြေစွမ်းကောင်း၊ အခွင့်အရေးကောင်းတွေ ဖန်တီးနိုင်ဦးမှာပါ။ မန်စီးတီးပဲ နိုင်လိမ့်မယ်။






