Wednesday, October 22, 2025
spot_img
spot_img

လက်ရှိ ဘောလုံး အားကစားလောကရဲ့ လစာငွေ အကောင်းဆုံး ကစားသမား 10 ဦး

လက်ရှိအချိန်မှာ ဆော်ဒီအခြေစိုက် အယ်လ် အီတီဖက် အသင်းဟာ လီဗာပူး အသင်းရဲ့ ကွင်းလယ်လူ ဂျော်ဒန် ဟန်ဒါဆန် ကို ခေါ်ယူဖို့ နီးစပ်နေပြီး အပြောင်းအရွှေ့က 48 နာရီ အတွင်း ဖြစ်ပွားလာဖို့ ရှိနေတယ်လို့ သိခဲ့လိုက်ရပါတယ် ။

သတင်းတွေကတော့ ဟန်ဒါဆန်ဟာ အယ်လ် အီတီဖက် အသင်းရဲ့ တစ်ပါတ် ပေါင် 7 သိန်းတန် လစာငွေနဲ့ ကမ်းလှမ််းမှုကို ရရှိထားခဲ့တယ်လို့ ဖော်ပြနေခဲ့ကြပါတယ် ။ ဒီလိုသာဆိုရင် သူဟာ ဘောလုံးလောကရဲ့ ဝင်ငွေ အကောင််းဆုံး ကစားသမား ဖြစ်လာမှာ အသေအချာပါပဲ ။

လက်ရှိအချိန်မှာတော့ ဘောလုံး အားကစား လောကရဲ့ ဝင်ငွေ အကောင်းဆုံး ကစားသမား ထိပ်ပိုင်း နေရာကို ဆော်ဒီ ပရိုလိဂ်မှ ကစားသမားတွေ ဦးဆောင်နေခဲ့ကြပါတယ် ။ ဘောလုံး လောကရဲ့ လစာအကောင်းဆုံး ကစား သမား 10 ဦးကို ဖော်ပြပေးလိုက်ပါတယ် ။

(10) ကာစီမီရို
မန်ချက်စတာ ယူနိုက်တက်
တစ်ပါတ် ပေါင် 375,000

(9) ကယ်ဗင် ဒီဘရိုင်း
မန်စီးတီး
တစ်ပါတ် ပေါင် 425,000

(8) မာဆယ်လို ဘရိုဇိုဗစ်
အယ်လ် နဆာရ်
တစ်ပါတ် ပေါင် 575,000

(7) ဂျော်ဒန် ဟန်ဒါဆန် (မပြောင်းရွှေ့သေး)
အယ်လ် အီတီဖက်
တစ်ပါတ် ပေါင် 700,000

(6) နေမာ
PSG
တစ်ပါတ် ပေါင် 725,000

(5) လီယွန်နယ် မက်ဆီ
အင်တာ မီယာမီ
တစ်ပါတ် ပေါင် 900,000 (မတိကျသေး)

(4) အားလင်း ဘရုထ် ဟာလန်း
မန်စီးတီး
တစ်ပါတ် ပေါင် 900,000

(3) ကိုင်လီယံ အမ်ဘာပေ
PSG
တစ်ပါတ် ပေါင် 9 သိန်း

(2) ခရစ္စတီယာနို ရော်နယ်ဒို
အယ်လ် နဆာရ်
တစ်ပါတ် ပေါင် 1.2 သန်း

(1) ကာရင်းမ် ဘန်ဇီးမား
အယ်လ် အီတီဟတ်
တစ်ပါတ် ပေါင် 1.6 သန်း

ရီးယဲ မက်ဒရစ် အသင်းရဲ့ ကစားသမားဟောင်း နှစ်ဦး ဖြစ်သလို Ballon D’Or ဆုရှင်တွေပါ ဖြစ်ကြတဲ့ ရော်နယ်ဒို နဲ့ ဘန်ဇီးမား တို့ကတော့ ဒီစာရင်းမှာ ထိပ်ဆုံးကနေပြီး ဦးဆောင်နေခဲ့ကြပါတယ် ။

မက်ဆီ ကတော့ တစ်ပါတ် ပေါင် 9 သိန်း အထိ ရရှိမယ်လို့ သိရပေမဲ့ အဆိုပါ သတင်းက တိကျ ခိုင်လုံမှုတော့ မရှိသေးဘူးလို့ သိခဲ့ရပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments