Sunday, October 19, 2025
spot_img
spot_img

အမေရိကန်သို့ ရာသီကြိုခြေစမ်းခရီးစဉ် မထွက်ခွာမီ အင်တာမီလန်ဂိုးသမား အိုနာနာကို ခေါ်ယူနိုင်ရန် မန်ယူအသင်း မျှော်လင့်  

မန်ယူအသင်းသည် အမေရိကန်သို့ ရာသီကြိုခြေစမ်း ခရီးစဉ်မထွက်ခွာမီ အင်တာမီလန်အသင်းမှ ကင်မရွန်းဂိုးသမား အိုနာနာကို ခေါ်ယူနိုင်ရန် မျှော်လင့်ထားကြောင်း သိရ သည်။

မန်ယူအသင်းသည် (၁၂)နှစ်ကြာ လက်တွဲခဲ့သည့် စပိန်ဂိုးသမား ဒီဟေးယားနှင့်လမ်းခွဲပြီးနောက် အိုနာနာကို ခေါ်ယူနိုင်ရန် ပိုမိုအားစိုက်ကြိုးပမ်းလျက်ရှိရာ လက်ရှိအချိန်တွင် အသင်းနှစ်သင်းကြား ပြောင်းရွှေ့ကြေးအတွက် သဘောတူညီမှုရရှိလုနီးပါး ရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။ 

မန်ယူအသင်းသည် အိုနာနာအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း (၅၀)နှင့် Add-ons ကြေး ယူရို(၅)သန်းဖြင့် နောက်ဆုံးကမ်းလှမ်းမှုကို အင်တာမီလန်အသင်းက လက်ခံလိမ့်မည်ဟု နာမည်ကျော် အီတလီဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုက ဖော်ပြ ခဲ့သည်။ 

ကင်မရွန်းလက်ရွေးစင်ဂိုးသမား အိုနာနာ(၂၇ နှစ်)မှာ ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ကစားရန် စိတ်အားထက်သန်နေသည့်အတွက် မန်ယူအသင်းအနေဖြင့် အစောပိုင်းက တည်းက ၎င်းနှင့် ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိထားခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။ 


သို့သော် အင်တာမီလန်အသင်းသည် အိုနာနာအတွက် ရရှိလာမည့် ပြောင်းရွှေ့ကြေးကို ကစားသမားသစ်ခေါ်ယူရာတွင် ပြန်လည်အသုံးပြုရန် ရည်ရွယ်ထားသောကြောင့် အမြင့်ဆုံးပြောင်းရွှေ့ကြေးရရှိရန် လိုလားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 
မန်ယူအသင်းကလည်း အိုနာနာအတွက် ပြောင်းရွှေ့ကြေးကို ယူရို သန်း(၅၀)ထက် ပိုမိုအသုံးမပြုလိုသောကြောင့် အသင်းနှစ်သင်းကြား ညှိနှိုင်းမှုမှာ ယူရို (၇)သန်းဝန်းကျင် ကွာဟနေကြောင်း သတင်းထွက်ခဲ့သည်။ 

နောက်ဆုံးတွင်မူ မန်ယူ အသင်း၏ ယူရိုသန်း (၅၀)+Add-ons ကြေး ယူရို (၅)သန်း ဖြင့် ကမ်းလှမ်းမှုကို အင်တာမီလန်အသင်းက လက်ခံတော့မည်ဖြစ်ကြောင်း သိရသည်။ 

မန်ယူအသင်းသည် ယခုရက်ပိုင်းအတွင်း အမေရိကန်သို့ ထွက်ခွာကာ ရာသီကြိုခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး အိုနာနာကို ခေါ်ယူသွားနိုင်ရန် မျှော်လင့်နေကြောင်း သိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments