ဆော်ဒီကလပ် အယ်လ်အာလီအသင်းသည် မန်စီးတီးအသင်းမှ အယ်လ်ဂျီးရီးယားတောင်ပံကစားသမား မာရက်ဇ်ကို ပြောင်းရွှေ့ကြေး ပေါင်သန်း (၃၀)ဖြင့် ကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရသည်။
မန်စီးတီးအသင်းနှင့် ၂၀၂၅ ခုနှစ်အ ထိ စာချုပ်ရှိနေသည့် မာရက်ဇ်(၃၂ နှစ်)ကို အယ်လ်အာလီအသင်းက မြင့်မားသည့်လစာနှုန်းထား ပေးချေသွားရန် စီစဉ်နေသည်ဟုလည်း သိရသည်။

အယ်လ်အာလီအသင်းသည် မာရက်ဇ်ကို တစ်နှစ်လစာ ပေါင်(၄၃)သန်းပေးချေမည့်အပြင် အပိုဆုကြေးများလည်း ထပ်ပေးမည်ဖြစ်ကြောင်း၊ စာချုပ်သက်တမ်းမှာ (၂)နှစ်ဖြစ်ကြောင်း Daily Mail က ဖော်ပြခဲ့သည်။
မာရက်ဇ်သည် မန်စီးတီးအသင်းအတွက် (၅)ရာသီကြာ ကစားပေးခဲ့ပြီးပြီဖြစ်သည်။