Monday, October 20, 2025
spot_img
spot_img

နည်းပြ အာတီတာ သည် ဘာလိုဂန် ကိုတောက်ပရန် အခွင့်အရေးပေးလိမ့်မည်ဟု ရေးပါလာ က အခိုင်အမာဆိုသောကြောင့် အာဆင်နယ်အတွက် ကွဲပြားခြားနားသောအရာတစ်ခု ပေးရန် ဘာလိုဂန် အားပေးခံရ

USMNT (အမေရိကန်အမျိုးသားလက်ရွေးစင်အသင်း) ၏ ကြယ်ပွင့် ဖိုလာရင် ဘာလိုဂန် သည် အာဆင်နယ်အသင်းအား ယခုနှစ်ရာသီတွင် မတူညီသော တစ်စုံတစ်ခု ပေးရန် အားပေးခံနေရသည်။

ဘာဖြစ်တာလဲ? Reims ထံ အငှားချခံရပြီးနောက်တွင် ဘာလော့ဂ်န်သည် အာဆင်နယ်အသင်းထံ ပြန်လည်ရောက်ရှိလာရန် ပြင်ဆင်နေသော်လည်း ၎င်းအတွက် အနာဂတ်မှာ မည်သိုသောအခြေအနေရှိမည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။ အာဆင်နယ်အကျော်ဇေယျပုဂ္ဂိုလ် ရေး ပါလော့ က ဘာလိုဂန် သည် အမှန်တကယ် အကျိုးသက်ရောက်မှု ရှိနိုင်သည်ဟု ယုံကြည်နေပေမဲ့ ပြီးခဲ့သည့် ရာသီက Reims တွင် လီဂူး 1 မှာ 21 ဂိုး သွင်းယူနိုင်ခဲ့ပြီး အပြောင်းအရွှေ့ စာရင်းဝင်နေပြီဖြစ်သောကြောင့် ပြောင်းရွှေ့ရန် အလားအလာ ပိုများကြောင်း သတင်းများက ဖော်ပြသွားခဲ့သည်။

ဘာပြောလဲ- ပါလာ က JBI Training ကိုပြောခဲ့သလိုပါပဲ “ဘာလိုဂန် က အာဆင်နယ်ကို တိုက်စစ်မှူးနေရာနဲ့ မတူတဲ့ အရာတွေကို သေချာပေါက် ပေးစွမ်းနိုင်ပါတယ်။ သူက ကိုယ်လုံးထွားပြီး အရပ်ရှည်တဲ့သူပါ။ သူက တည်ဆောက်မှုကောင်းတယ်။ ရာသီကြိုခရီးစဉ်မှာ ကောင်းကောင်းစွမ်းဆောင်နိုင်ခြင်းဖြင့် လာမယ့်ရာသီအတွက် သူ့ကိုယ်သူ နည်းပြ အာတီတာ ရဲ့ အစီအစဥ်မှာ ထည့်သွင်းဖို တောက်ပတဲ့အခွင့်အရေးရှိတယ်လို ထင်ပါတယ်။ သူဂိုးတွေသွင်းနေတုန်းပါပဲ။ သူဟာ ယုံကြည်မှုအပြည့်ရှိတဲ့ ကစားသမားတစ်ယောက်ပါ။

“လူတိုင်းကို အခွင့်အရေးပေးမှာဖြစ်ပြီး နောက်ရာသီမှာ သူရဲ့အသင်းမှာပါဝင်ဖိုအဆင်သင့်ဖြစ်နေပြီဆိုတာကို အာတီတာ ကို ပြသရပါလိမ့်မယ်။ ဘာလိုဂန်ရဲ့ဆန္ဒကို ကျွန်တော်သဘောကျပါတယ်။ သူက ပြင်သစ်မှာ ကာလအငှားချခံရတဲ့ကာလကို အောင်အောင်မြင်မြင်တွေ့ကြုံရပြီးတဲနောက် ကစားချင်တယ်လို ပြောထားပြီးသားပါ။ အာဆင်နယ်နဲ့ တွဲဖြစ်မလား ကြည့်ရအောင်ပါ။”

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments