Thursday, October 23, 2025
spot_img
spot_img

လာမည့်ရာသီတွင် နည်းပြလောကသို့ ပြန်လည်ဝင်ရောက်နိုင်ကြောင်း နာပိုလီနည်းပြဟောင်း စပယ်လက်တီ ပြောကြား

နာပိုလီနည်းပြဟောင်း စပယ်လက်တီက မိမိအနေဖြင့် လာမည့်ရာသီတွင် နည်းပြလောကသို့ ပြန်လည်ဝင်ရောက်နိုင်ကြောင်း ပြောကြားခဲ့သည်။

အသက် (၆၄) နှစ်အရွယ်ရှိ အီတလီလူမျိုးနည်းပြ စပယ်လက်တီသည် ပြီးခဲ့သည့် ၂၀၂၂-၂၃ ရာသီတွင် နာပိုလီအသင်းကို ၁၉၉၀ နောက်ပိုင်း စီးရီးအေချန်ပီယံဆုကို ပထမဆုံးအကြိမ်အဖြစ် ရယူပေးနိုင်ခဲ့သည်။

ယင်းနောက် စပယ်လက်တီသည် ဖြေရှင်းစရာကိစ္စများရှိပြီး အနားယူလိုသည်ဟုဆိုကာ နာပိုလီအသင်းနှင့် လမ်းခွဲခဲ့သည်။

နာပိုလီအသင်းနှင့် လမ်းခွဲပြီနောက် စပယ်လက်တီအနေဖြင် နည်းပြလောကမှ တစ်နှစ်အနားယူမည်ဟု အီတလီမီဒီယာများက ဖော်ပြခဲ့ကြသည်။

သို့သော် စပယ်လက်တီက ယင်းသတင်းများကိုငြင်းဆန်ခဲ့ပြီး ၎င်းအနေဖြင့် အနည်းငယ်သာ အနားယူရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

စပယ်လက်တီက ”မီဒီယာသမားတွေက ပုံပြင်တွေဖန်တီးပြီး ဖော်ပြနေကြတာပါ။ ကျွန်တော့်အနေနဲ့ အနည်းငယ်အနားယူပြီး ဖြေရှင်းစရာ ကိစ္စအချို့ ရှိတယ်လို့ပဲ ပြောဆိုခဲ့တာပါ။ ကျွန်တော့်အနေနဲ့ အချိန်အနည်းငယ်ပဲ လိုအပ်တာပါ။ ပြီးရင် ဘာတွေ ဖြစ်လာမလဲ ကျွန်တော် စောင့်ကြည့်မယ်။ ပြီးတော့ ကျွန်တော် ဘာလိုချင်တာလဲဆိုတာကို ဆန်းစစ်မယ်။ ကျွန်တော့်အနေနဲ့ တခြားနည်းပြဆီမှာ သင်ယူဖို့ အချိန်အနည်းငယ်လိုပါတယ်။ ကျွန်တော့်အနေနဲ့ တစ်နှစ်လုံးလုံး ဘာမှမလုပ်ဘဲ ဒီအတိုင်း ထိုင်နေမှာကို မနှစ်သက်ပါဘူး။ ဒါပေမဲ့ အခုအခြေအနေမှာတော့ ကျွန်တော့်အနေနဲ့ လာမယ့်နှစ်မှာ ပြန်လာမယ်လို့လည်း မပြောနိုင်ပါဘူး။ နှစ်ကူးထိတော့ ကျွန်တော် နားမယ်။ ပြီးရင် ကျွန်တော် ဘယ်လိုခံစားသလဲဆိုတာကို ကြည့်မယ်” ဟု ပြောကြားခဲ့သည်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments