Friday, October 24, 2025
spot_img
spot_img

ဒဟေးယားနေရာတွင် ဘရိုက်တန်ဂိုးသမားနှင့် အစားထိုးရန် မန်ယူစီစဉ်နေ

အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးသွားပြီဖြစ်သော ဒဟေးယားနေရာတွင် အစားထိုးရန်အတွက် ဘရိုက်တန်ဂိုးသမား ရောဘတ်ဆန်ချက်ဇ်ကို မန်ယူက ပစ်မှတ်ထားနေသည်။ အသက် ၂၅ နှစ်အရွယ်ရှိ ဆန်းချက်ဇ်သည် ဘရိုက်တန် မန်နေဂျာ ဒီဇာဘီ၏ ဦးစားပေးခြင်းကို မခံရဖြစ်နေပြိး ပွဲထွက်ကစားသမားနေရာကို ဂျေဆင်စတီလီအား ဆုံးရှုံးခဲ့ရသည်။

ဘရိုက်တန်သည် အန်ဒါလက်ချ်မှ ဂိုးသမား ဘတ်ဗာဘရူဂန်ကို ပေါင် ၁၆.၃ သန်းဖြင့်ဝယ်ယူလိုက်ပြီးနောက် ဆန်းချက်ဇ်သည် ပွဲထွက်ခွင့် အခွင့်အရေးပိုနည်းလာပြီး အသင်းပြောင်းရန် အလားအလာများလာခဲ့ခြင်းဖြစ်သည်။ ဆန်းချက်ဇ်သည် ဘောလုံးပေးပို့မှု ကောင်းပြီး တန်းဟက်အကြိုက်ကစားနိုင်သည့် ကစားသမားဖြစ်ကြောင်းလည်း မီဒီယာများက သုံးသပ်ဖော်ပြသည်။ ပြိးခဲ့သည့်‌ ဘောလုံးရာသီအက်ဖ်အေဖလား ဆီမီးဖိုင်နယ်တွင် ပွဲချိန် ၁၂၀ အထိ မန်ယူဘက်သို့ ဂိုးမပေးရရေးလည်း ဆန်းချက်ဇ်က လက်စွမ်းပြနိုင်ခဲ့သည်။

ဆန်းချက်ဇ်သည် စပိန်နိုင်ငံသားတစ်ဦးဖြစ်သော်လည်း အသက် ၁၅ နှစ်သားကတည်းက ဘရိုက်တန် အကယ်ဒမီတွင် ရောက်နေခြင်းဖြစ်ပြီး ပရီးမီးယားလိဂ်အကြောင်းကောင်းကောင်းသိသူတစ်ဦးလည်းဖြစ်သည်။ ဘရိုက်တန်သည် ပြောင်းရွှေ့ကြေးပေါင် သန်း ၃၀ ခန့်ရလျှင် ဆန်းချက်ဇ်ကို ရောင်းထုတ်ဖွယ်ရှိသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments