Monday, October 27, 2025
spot_img
spot_img

ယခုရာသီတွင် ဝင်ငွေ ပေါင်သန်း(၇၀၀)ရရှိရန် မန်စီးတီးအသင်း မျှော်လင့်

မန်စီးတီးအသင်းသည် ယခုရာသီတွင် ဝင်ငွေ ပေါင်သန်း(၇၀၀)ရရှိပြီး မြို့ခံပြိုင်ဘက်မန်ယူအသင်း၏ စံချိန်ကို ချိုးဖျက်နိုင်ရန် မျှော်လင့်နေကြောင်း သိရသည်။ 

ဗြိတိန်ဘောလုံးလောကတွင် တစ်ရာသီအတွင်း ဝင်ငွေအကောင်းဆုံးအဖြစ် စံချိန်တင်ထားသည်မှာ မန်ယူအသင်းဖြစ်ပြီး၂၀၁၈-၁၉ ရာသီတွင် ပေါင်(၆၂၇)သန်း ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ယခုအခါ မန်စီးတီးအသင်းက ဖလားသုံးလုံးချန်ပီယံအဖြစ် ဆုကြေးသက်သက်ပင် ပေါင်သန်း(၃၀၀)ရရှိထားသည့်အတွက် စုစုပေါင်းဝင်ငွေ ပေါင်သန်း(၇၀၀)ကျော်ရရှိရန် မျှော်လင့်နေခြင်းဖြစ်ကြောင်းသိရသည်။ 

ဘောလုံးလောက၏ တစ်ရာသီ ဝင်ငွေအကောင်းဆုံးစံချိန်မှာ ၂၀၂၀ ခုနှစ်က ပေါင်(၇၂၆)သန်းရရှိခဲ့သည့် ဘာစီလိုနာအသင်းဖြစ်ကြောင်း သိရသည်။  

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments