ဂျာမနီလက်ရွေးစင်ကစားသမားဟောင်း အိုဇေးလ်သည် တူရကီဘောလုံးအဖွဲ့ချုပ်(TFF) ၏ အားကစားဒါရိုက်တာအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အိုဇေးလ်(၃၄ နှစ်) သည် ရီးယဲလ်နှင့် အာဆင်နယ်အသင်းများတွင် ကစားခဲ့ဖူးသူဖြစ်ပြီး ပြီးခဲ့သည့် မတ်လအတွင်း ကစားသမားဘဝမှ အနားယူကြောင်း ကြေညာထားခဲ့သူဖြစ်သည်။

အိုဇေးလ်သည် တူရကီနွယ်ဖွားတစ်ဦးဖြစ်သလို၊ တူရကီဘောလုံးလောကတွင် ၎င်း၏ကစားသမားဘဝကို အဆုံးသတ်ခဲ့ပြီးနောက် ယခုအခါ တူရကီဘောလုံးအဖွဲ့ချုပ်၏ အားကစားဒါရိုက်တာအဖြစ် ဆောင်ရွက်သွား ရန် စီစဉ်နေခြင်းဖြစ်ပြီး ယခုရက်ပိုင်းအတွင်း ခန့်အပ်ခံရဖွယ်ရှိကြောင်း သိရသည်။






