Monday, November 10, 2025
spot_img
spot_img

ယခုအချိန်တွင် ငွေကြေးက မိမိအတွက် အရေးမကြီးဟုဆိုကာ ဆော်ဒီလိဂ်သို့ ပြောင်းရွှေ့မည်ဆိုခြင်းကို ဆွန်ဟောင်မင် ပယ်ချ

စပါးတိုက်စစ်ကစားသမား ဆွန်ဟောင်မင်က အခုအချိန်တွင် ငွေကြေးမှာ မိမိအတွက် အရေးမကြီးဟု  ပြောဆိုခဲ့ပြီး ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းသို့ ပြောင်းရွှေ့ မည်ဆိုခြင်းကို ပယ်ချခဲ့သည်။

ရီးယဲလ်တိုက်စစ်မှူး ဘန်ဇီမာနှင့် ချယ်လ်ဆီးကွင်းလယ်လူ ကွန်တေတို့ကို ခေါ်ယူထားသည့် အယ်လ်အစ်တီဟတ်အသင်းသည် ဆွန်ဟောင်မင်ကို တစ်နှစ်လစာ ပေါင် (၂၆)သန်း ဖြင့် ခေါ်ယူရန် ကမ်းလှမ်းခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့သည်။

သို့ သော် ဆွန်ဟောင်မင်က ဘောလုံးကစားခြင်း ဂုဏ်သိက္ခာနှင့် အကြိုက်ဆုံးလိဂ်တွင် ကစားရခြင်းက ပိုအရေးပါကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆွန်ဟောင်မင်က ”ကျွန်တော့်အနေနဲ့ ပရီးမီးယားလိဂ်မှာ လုပ်စရာတွေ အများကြီး ကျန်ရှိနေသေးတာပါ။ အခုအချိန်မှာ ကျွန်တော့်အတွက် ငွေကြေးက အရေးမပါပါဘူး။ ကျွန်တော့်အတွက်တော့ ဘောလုံးကစားခြင်းရဲ့ ဂုဏ်သိက္ခာနဲ့ ကိုယ်အကြိုက်ဆုံးလိဂ်မှာ ကစားခွင့်ရရေးကသာ အရေးပါပါတယ်”ဟု ပြောကြားခဲ့သည်။

ဆွန်ဟောင်မင်(၃၀ နှစ်)သည် စပါးအတွက် (၈)ရာသီအတွင်း (၃၇၂) ပွဲတွင် (၁၄၅) ဂိုးသွင်းယူထားသည်။

၎င်းသည် စပါးအသင်းနှင့် ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသူဖြစ်ပြီး စပါးအသင်းတွင် နှစ်ပေါင်းများစွာ ကစားသွားလိုကြောင်းလည်း ပြောကြားခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments