Monday, November 10, 2025
spot_img
spot_img

သူ့လို ပရဟိတ စိတ်ဓတ် အပြည့်ရှိတဲ့ ဆာကာ ကို ချီးကျူး ဂုဏ်ပြုလိုက်တဲ့ အိုဇေးလ်

အာဆင်နယ် အသင်း ရဲ့ လူငယ် ကြယ်ပွင့်လေး ဘူကာရို ဆာကာ ဟာ ငလျင်ဒဏ်ကို အကြီးအကျယ် ခံစားခဲ့ရပြီး နေစရာအိမ် မရှိတော့တဲ့ ဘဝ ရောက်သွားခဲ့ရတဲ့ တူရကီ က မိသားစု ၂၆ စု အတွက် နေရာထိုင်ခင်း ထောက်ပံ့ ကူညီပေးခဲ့ပါတယ် ။ ဆာကာ ဟာ Big Shoe နဲ့ ပူးပေါင်းပြီး မိသားစု ၂၆ စုအတွက် ရေချိုးခန်း ၊ ဧည့်ခန်း ၊ အိပ်ခန်း ၊ရေချိုးခန်း နှင့် မီးဖိုချောင်ပါဝင်တဲ့ container တွေ ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ် ။

ဆာကာ က သူ့ရဲ့ထောက်ပံ့ ကူညီမှု နဲ့ ပတ်သက်​ပြီး ” ကိုယ့်ရဲ့ ဦးခေါင်းပေါ်မှာ မိုးလုံလေလုံ ရှိတဲ့ ခေါင်မိုးရှိနေသေးတယ်ဆိုရင် အဲ့ဒီ လူ အနေနဲ့ ကိုယ့်ကိုယ်ကို ကံကောင်းတဲ့လူ အဖြစ် တွေးတော့စဉ်းစားလို့ ရနိုင်ပါတယ် ။ ဒါပေမယ့် ငလျင် ဖြစ်ရပ်ဆိုးကြီးက ဒီလူတွေ မှာ ရှိတဲ့ အရာတွေ အားလုံးကို ဖျက်ဆီး သွားခဲ့ပါတယ် ၊ သူတို့ကို ကူညီခွင့်ရပြီး တစုံတခုကို ပြန်ပေးနိုင်ခဲ့တာက ကျနော့်အတွက် အများကြီး အဓိပ္ပါယ် ရှိပါတယ် ။ ”

အိုဇေးလ် ကတော့ သူ့ရဲ့ ညီငယ်လေး ဆာကာ ရဲ့ထောက်ပံ့ ကူညီမှု အပေါ် ” သိပ်ကို ချီးကျူးဖို့ ကောင်းတဲ့ လုပ်ဆောင်မှု ပါပဲ ၊ ဘူကာရို ဆာကာ နှင့် Big Shoe ရေ ၊ တူရကီ ကို ထောက်ပံ့ကူညီမှု အများကြီး လုပ်ပေးတဲ့ အတွက် ကျေးဇူး အများကြီး တင်ပါတယ် ။ ” လို့ သူ့ရဲ့ တွစ်တာ အကောင့်ကနေ တဆင့် ချီးကျူး ဂုဏ်ပြု သွားခဲ့ပါတယ် ။

ဘူကာရို ဆာကာ ဟာ အရင်ကလည်း BigShoe အဖွဲ့ နဲ့ ပူးပေါင်းပြီး နိုင်ဂျီရီးယား နိုင်ငံက ခွဲစိတ်ကုသဖို့ လိုအပ် နေတဲ့ ကလေးငယ်ပေါင်း ၁၂၀ ကို ထောက်ပံ့ကူညီ ခဲ့ဖူးသေးပါတယ် ။ ဘူကာရို ဆာကာ ရဲ့စီနီယာ အိုဇေးလ် ဟာလည်း ၂၀၂၀ ခုနှစ် အတွင်းမှာ BigShoe အဖွဲ့ နဲ့ ပူးပေါင်းကာ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၆ နိုင်ငံက ကလေးငယ် စုစုပေါင်း ၁၅၇ ​ဦး ရဲ့ ခွဲစိတ်မှု ကုန်ကျစရိတ်ကို တာဝန်ယူ ပေးခဲ့ဖူးပါတယ် ။

BigShoe ဟာ ဂျာမနီ နဲ့ ဆွစ်ဇာလန် က ဆရာဝန်တွေ ပူးပေါင်း ဖွဲ့စည်းထားတဲ့ အဖွဲ့ ဖြစ်ပြီး တစ်ကမ္ဘာလုံးက ခွဲစိတ် ကုသဖို့ လိုအပ်နေတဲ့ ကလေးငယ်တွေကို အကူအညီ ပေးနေတာလည်း ဖြစ်ပါတယ် ။

BigShoe နဲ့ လက်တွဲလုပ်ဆောင် နေကြတဲ့ တခြား နာည်ကျော် ဘောလုံးသမားတွေလည်း ရှိနေသေးပြီး ပေါ့ဘာ ၊ ရူဒီဂါ ၊ ဖိလစ်လမ်း ၊ ဇင်ချန်ကို နှင့် ဆာကာ တို့ဟာလည်း အကူအညီ ပေးနေကြပါတယ် ။ BigShoe ဟာ ၂၀၀၆ ခုနှစ် ဂျာမနီ ကမ္ဘာဖလား တုန်းက စတင် ပေါ်ပေါက် ခဲ့တဲ့ အဖွဲ့အစည်း ဖြစ်ပြီး အရေးပေါ် ခွဲစိတ် ကုသဖို့ လိုအပ်နေတဲ့ တိုဂို မိန်းကလေးငယ်လေး နော်ရီဆင် အတွက် ဘောလုံး ပရိသတ်တွေကို ငွေကြေး အလှူ ခံရာကနေ အစပြု ခဲ့တာလည်း ဖြစ်ပါတယ် ။

Big Shoe ဟာ ၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ဖလား ၊ ၂၀၁၄ ဘရာဇီး ကမ္ဘာ့ဖလား ၊ ၂၀၁၂ ပိုလန် နဲ့ ယူကရိန်း ယူရိုပြိုင်ပွဲ ၊ ၂၀၁၆ ပြင်သစ် ယူရို ပြိုင်ပွဲ ၊ ၂၀၁၈ ခုနှစ် ရုရှား ကမ္ဘာ့ဖလား တို့မှာလည်း ခွဲစိတ် ကုသဖို့ လိုအပ်နေတဲ့ ကလေးငယ်တွေကို အကူအညီပေးနိုင်ခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments