Saturday, November 8, 2025
spot_img
spot_img

ဂါနာချိုသည် ဒီမာရီယာလက်သစ် ဖြစ်လာနိုင်သူဟု မာတီနက်ဇ် ချီးကျူး

အက်စတွန်ဗီလာအသင်း၏ အာဂျင်တီးနားဂိုးသမား မာတီနက်ဇ်က လက်ရွေးစင်အသင်းဖော်ဖြစ်သည့် မန်ယူတောင်ပံကစားသမား ဂါနာချိုသည် ဒီမာရီယာလက်သစ် ဖြစ်လာနိုင်သူဟု ချီးကျူးပြောကြားခဲ့သည်။

ဂါနာချို(၁၈ နှစ်)သည် ကြာသပတေးနေ့က သြစတြေးလျအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ခြေစမ်းပွဲတွင် အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ် ပွဲထွက်ကစားခွင့်ရရှိခဲ့သည်။

မာတီနက်ဇ်က ”သူက အလွန်နှိမ့်ချတတ်တဲ့ကောင်လေးပါ။ သူ ရောက်လာတယ်၊ အလုပ်လုပ်တယ်၊ စကားလည်း အများကြီးမပြောဘူး။ သူက ကြယ်ပွင့်လေးတစ်ပွင့်ဖြစ်ပြီး ကျွန်တော်တို့ သူ့ကို ပုံသွင်းနိုင်မယ်ဆိုရင် ဒီမာရီယာလို အသင်းအတွက် အများကြီးပေးဆပ်နိုင်မယ့်သူ ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်”ဟု ဆိုခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments