Friday, November 7, 2025
spot_img
spot_img

Stake လောင်းကစား ကုမ္ပဏီနဲ့ရင်ဘတ်ဂျာစီစပွန်ဆာသစ် ဆွေးနွေးမှု နောက်ဆုံး အဆင့် ရောက်နေပြီဖြစ်တဲ့ ချဲလ်ဆီး

ချဲလ်ဆီး အသင်းဟာ ၃နှစ်ကြာ လက်တွဲခဲ့တဲ့ မိုဘိုင်းနက်ဝပ် ကုမ္ပဏီ ဖြစ်တဲ့ Three နဲ့ စပွန်ဆာ စာချုပ်သက်တမ်း ပြည့်သွားပြီ ဖြစ်လို့ ရင်ဘတ်စပွန်ဆာသစ် တခု ရှာဖွေနေရာ Stake အွန်လိုင်းကာစီနို ကုမ္ပဏီနဲ့ ကနဦး တနှစ် စာချုပ်ချုပ်ဆိုနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း The Telegraph သတင်းဌာနက ဖော်ပြသွားပါတယ်။

သို့ပေမယ့် ပရီးမီးယားလိဂ် အဖွဲ့ချုပ်ဟာ ၂၀၂၅/၂၆ ဘောလုံးရာသီက စတင်ကာ လောင်းကစား ကုမ္ပဏီများမှ စပွန်ဆာကမ်းလှမ်းမှုတွေကို ခွင့်ပြုတော့မှာ မဟုတ်တာကြောင့် ယခု ချဲလ်ဆီးရဲ့ စပွန်ဆာအသစ် ဖြစ်လာနိုင်တဲ့ Stake အပေါ် လူတွေရဲ့ အမြင်ကွဲလွဲမှုတွေလည်း ရှိနေပါတယ်။

ဥရောပဝင်ခွင့် မရခြင်းကြောင့်လည်း ချဲလ်ဆီးဟာ ယာယီ ရင်ဘတ်စပွန်ဆာသစ် အဖြစ် Stake နဲ့ တနှစ်တာ လက်တွဲဖို့ စဉ်းစားတာက logic ကျတယ်လို့ ယူဆရမှာ ဖြစ်ပါတယ်။ ဒီတနှစ် အတွင်း ချဲလ်ဆီးဟာ အနာဂတ် ရင်ဘတ်စပွန်ဆာသစ် အတွက် အခြားသော လောင်းကစားနဲ့ မဆက်နွယ်တဲ့ ကုမ္ပဏီတွေနဲ့ ပိုကောင်းတဲ့ ဆွေးနွေးမှုတွေ လုပ်ဖို့ ရှိပါတယ်။

ဒီမတိုင်ခင်ကလည်း ချဲလ်ဆီးဟာ crypto ကုမ္ပဏီ တခုနဲ့ စပွန်ဆာကိစ္စ ဆွေးနွေးမှု ပျက်ပြယ်ခဲ့ကြောင်း သိရပြီး၊ ဒီအတွက်ကြောင့် ဘောလုံးရာသီသစ် မစတင်မီ လျင်လျင်မြန်မြန်နဲ့ Stake ထံမှ မက်လောက်ဖွယ် စပွန်ဆာသစ် ကမ်းလှမ်းမှုကို လက်ခံစဉ်းစားနေတာ ဖြစ်ပါတယ်။

နောက်ဆုံး ရင်ဘတ်ဂျာစီစပွန်ဆာ ဖြစ်တဲ့ Three ဟာ ချဲလ်ဆီး အတွက် တနှစ် ပေါင်သန်း ၄၀နဲ့ စပွန်ဆာ ပေးခဲ့တာ ဖြစ်ပြီး Stake မတိုင်ခင်ကလည်း ချဲလ်ဆီးဟာ ဂျာမန်ကုမ္ပဏီ တခု ဖြစ်တဲ့ Allianz ထံမှ စပွန်ဆာသစ် ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။ အကြောင်းမှာ Allianz ဟာ Three ရဲ့ တဝက်မျှသာ ရှိတဲ့ စပွန်ဆာကြေးနဲ့ ကမ်းလှမ်းခဲ့တာကြောင့် ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ Stake နဲ့ ရင်ဘတ်စပွန်ဆာသစ် ဆွေးနွေးမှု အပေါ် တစုံတရာ မှတ်ချက် မပေးရသေးပေမယ့်၊ ယင်းလောင်းကစားကုမ္ပဏီရဲ့ ကမ်းလှမ်းမှုဟာ Three နဲ့ ဆတူ စပွန်ကြေးမျိုး ရှိကြောင်း ခန့်မှန်းရပါတယ်။ Stake ဟာ လက်ရှိ အဲဗာတန် အမျိုးသားနဲ့ အမျိုးသမီး အသင်းတွေကို စပွန်ဆာ ပေးထားပြီး တနှစ် စပွန်ဆာကြေး ပေါင် ၁၀သန်းနဲ့ မနှစ်ကပဲ နှစ်ရှည်စာချုပ်ချုပ်ထားတာ ဖြစ်ပါတယ်။

Stake နဲ့ လက်တွဲထားတဲ့ အဲဗာတန် နည်းတူ အက်စ်တွန်ဗီလာဟာ လောင်းကစား ကုမ္ပဏီ ဖြစ်တဲ့ BK8 နဲ့ စပွန်ဆာစာချုပ်ချုပ်ထားသလို၊ ဘရန်းဖို့ဒ်မှာလည်း အခြားလောင်းကစားကုမ္ပဏီ တခု ဖြစ်တဲ့ Hollywoodbets နဲ့ ရင်ဘတ်စပွန်ဆာ စာချုပ် ရှိနေပါတယ်။

ချဲလ်ဆီး အပါအဝင် ပရီးမီးယားလိဂ် ကလပ်တွေဟာ ပြီးခဲ့တဲ့ ဧပြီလမှာ ၂၀၂၆/၂၇ ဘောလုံးရာသီက စပြီး လောင်းကစားကုမ္ပဏီတွေထံမှ စပွန်ဆာ ကမ်းလှမ်းမှုတွေ လက်ခံမှာ မဟုတ်ကြောင်း အားလုံး တညီတညွတ်တည်း သဘောတူထားခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ Stake နဲ့ လက်တွဲဖြစ်မယ်ဆိုရင် အရွယ်ရောက်ပြီးတဲ့ ပရိသတ်တွေကိုသာ ထိုအမှတ်တံဆိပ်ပါတဲ့ ဂျာစီ ရောင်းချပေးနိုင်မှာ ဖြစ်တဲ့ ကလေးအရွယ် ပရိသတ်တွေကိုတော့ ရင်ဘတ်စပွန်ဆာ မပါပဲ ဂျာစီ ရောင်းချရမှာ ဖြစ်ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments