Wednesday, November 5, 2025
spot_img
spot_img

ရီးရဲမက်ဒရစ်အသင်းနှင့် တကျော့ပြန်သတင်းတွေထွက်လာတဲ့ ပြင်သစ်တိုက်စစ်မှူး

ဘာပေက ပီအက်စ်ဂျီအသင်းနှင့် စာချုပ်သက်တမ်းမတိုးတော့ဟု ထုတ်ဖော်ပြောဆိုလိုက်ပြီးနောက် ရီးရဲမက်ဒရစ်အသင်းသည် ၎င်းကို ခေါ်ယူရန် ပြန်လည်လှုပ်ရှားလာသည်။ ရီးရဲမက်ဒရစ်အသင်းသည် ပြီးခဲ့သည့်နွေရာသီတွင် ဘာပေကို ခေါ်ယူနိုင်လုမတတ်ဖြစ်ခဲ့သော်လည်း နောက်ဆုံးတွင် အပြောင်းအရွှေ့ အကောင်အထည်မပေါ်ဖြစ်ခဲ့ရသည်။

ရီးရဲသည် အသင်း၏ဝါရင့်တိုက်စစ်မှူး ဘန်ဇီမာ ထွက်ခွာသွားပြီးနောက် တိုက်စစ်ကို ဦးဆောင်မည့် ကစားသမားတစ်ဦးကိုလိုအပ်နေပြီး ဘာပေ၏ အခြေနေကို စောင့်ကြည့်နေသည်။ ၂၀၂၄ နွေရာသီ ပီအက်စ်ဂျီနှင့် စာချုပ်သက်တမ်းကုန်သည်အထိစောင့်ဆိုင်းခြင်းမပြုတော့ဘဲ ယခုနှစ်နွေရာသီ အပြောင်းအရွှေ့တွင်ပင် ဘာပေကို ပြောင်းရွှေ့ကြေးအမြောက်အမြားပေး၍ ခေါ်ယူရန် ရီးရဲမက်ဒရစ်က စတင်ကြိုးစားလာပြီဖြစ်သည်။

ပီအက်စ်ဂျီကလည်း ဘာပေကို အလွတ်ပြောင်းရွှေ့ကြေးဖြင့်လက်လွှတ်လိုခြင်းမရှိ ဖြစ်နေပြီး ၎င်းအတွက် ပြောင်းရွှေ့ကြေးယူရိုသန်း ၁၅၀ ခန့်ဖြင့် ကမ်းလှမ်းလျှင် လက်ခံသွားဖွယ်ရှိနေသည်။ ဘာပေသည် ရီးရဲမက်ဒရစ်သို့ ပြောင်းရွှေ့ရေးမအောင်မြင်ခဲ့ခြင်းရှိသော်လည်း ဘာပေဘက်မှ ကိုယ်စားလှယ်များနှင့် ရီးရဲမက်ဒရစ်အသင်းဥက္ကဌ ပီးရက်ဇ်၏ ကိုယ်စားလှယ်များသည် ပုံမှန်အဆက်အသွယ်ရှိနေကြောင်း ပြီးခဲ့သည့်ရက်ပိုင်းကပင် ဆက်သွယ်ခဲ့ခြင်းများရှိကြောင်း မီဒီယာများက ထုတ်ဖော်ရေးသားကြသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments