ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာစီးတီး အသင်းဟာ FA ဖလား နဲ့ ချန်ပီယံလိဂ် ဖလားတို့ကို ဆွတ်ခူးခဲ့တဲ့နောက် မြို့ခံ ပြိုင်ဖက် မန်ချက်စတာ ယူနိုက်တက် နည််းတူ တစ်ရာသီအတွင်း ဆုဖလား 3 လုံး ဆွတ်ခူးနိုင်ခဲ့တဲ့ ဒုတိယမြောက် အင်္ဂလိပ် ကလပ် ဖြစ်လာခဲ့ရပါတယ် ။
ဒီအတွက် အရေးအပါခဲ့ဆုံး ကစားသမားတွေက တိုက််စစ်မှူး အားလင်း ဟားလန်း နဲ့ ကွင်းလယ်လူ ကယ်ဗင် ဒီဘရိုင်း တို့ပဲ ဖြစ်ခဲ့ကြရပါတယ် ။ ဒါ့ကြောင့် အခုအချိန်မှာ ဟားလန်း ဟာ ဒီနှစ် Ballon D’Or ဆုကို ဆွတ်ခူးနိုင်လိမ့်မယ်လို့ ထင်ကြေးပေးမှု မြင့်တက်လာခဲ့ရပါတယ် ။

ဒါပေမဲ့ ဘွတ်ကီဒိုင်တွေရဲ့ အလေးပေးမှုမှာတော့ PSG အသင်းမှ ထွက်ခွာပြီး မေဂျာလိဂ် မှ ဒေးဗစ် ဘက်ခမ်း ပိုင်ဆိုင်တဲ့ အင်တာ မီယာမီ အသင်းဆီ ပြောင်းရွှေ့သွားတဲ့ လီယွန်နယ် မက်ဆီ ကပဲ 8 ကြိမ်မြောက် Ballon D’Or ဆုကို ဆွတ်ခူးဖို့ အလေးသာနေခဲ့ရပါတယ် ။
အသက် 35 နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ မက်ဆီဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ ဖလား ပြိုင်ပွဲတုန်းက အာဂျင်တီးနား လက်ရွေးစင်် အသင်းကို ဆုဖလား ဆွတ်ခူးနိုင်စေရေးမှာ အရေးပါသူ ဖြစ်ခဲ့သလို လီဂူး ဝမ်း ပြိုင်ပွဲမှာ ဆုဖလား ဆွတ်ခူးစေဖို့ PSG ကို အကူအညီ ပေးနိုင်ခဲ့ပါတယ် ။
ဒါ့အပြင် သူဟာ ကမ္ဘာ့ ဖလား ပြိုင်ပွဲကြီးရဲ့ ရွှေဘောလုံးဆု အပါအဝင် အခြားသော တစ်ကိုယ်တော် ဆုတံဆိပ်အချိို့ကိုလည်း ဆွတ်ခူးထားနိုင်ခဲ့ပါသေးတယ် ။ အခုတော့ မက်ဆီဟာ Paddy Power ရဲ့ Ranking မှာ အလေးပေးမှု 8/15 နဲ့ နံပါတ် တစ် နေရာမှာ ရပ်တည်နေခဲ့ရပါပြီ ။

သူ့ရဲ့အနောက်မှာတော့ မန်စီးတီး အသင်းရဲ့ တိုက်စစ်မှူး အားလင်း ဟားလန်း ဟာ အလေးပေးမှု 11/8 နဲ့ ဒုတိယ ၊ ကွင်းလယ်လူ ကယ်ဗင် ဒီဘရိုင်း က အလေးပေးမှု 11/1 နဲ့ တတိယ နေရာတွေမှာ အသီးသီး ရပ်တည်နိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ် ။
ဟားလန်းဟာ ဒီရာသီမှာ မန်စီးတီး အသင်းအတွက် ပြိုင််ပွဲစုံ 52 ဂိုး သွင်းယူထားခဲ့ပြီး Football Writers Player of the year ဆု နဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမား ၊ တစ်နှစ်တာ အကောင်းဆုံး လူငယ် ကစားသမားဆုတို့ကို ဆွတ်ခူးထားနိုင်ခဲ့ပါတယ် ။

အခြားတဖက်မှာတော့ ကယ်ဗင် ဒီဘရိုင်းက ဒီရာသီ မန်စီးတီး အသင်းရဲ့ အောင်မြင်မှုတွေမှာ နောက်ကွယ်က အပံ့ပိိုးဆုံး ကစားသမား ဖြစ်နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် မန်စီးတီး အတွက် ဆုဖလား သုံးလုံး ဆွတ်ခူးရေးမှာ အရေးပါခဲ့ကြတဲ့ သူတို့ နှစ်ဦးဟာ ထိပ်ပိုင်း နေရာတွေမှာ ရပ်တည်ခဲ့ကြပါတယ် ။

သူတို့ သုံးဦးရဲ့ အနောက်မှာတော့ ရီးယဲ မက်ဒရစ် အသင််းရဲ့ တိုက်စစ်မှူးဟောင်း ဖြစ်သူ ကာရင်းမ် ဘန်ဇီးမား က 80/1 လေးနဲ့ ရပ်တည်ခဲ့ပြီး စပါးတိုက်စစ်မှူး ဟယ်ရီကိန်း နဲ့ PSG တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ ကိုင်လီယံ အမ်ဘာပေ တို့ဟာလည်း 80/1 လေးကို အသီးသီး ပိုင်ဆိုင််ထားခဲ့ကြပါတယ် ။

ဟယ်ရီကိန်းဟာ ဒီရာသီ တော့တင်ဟမ် ဟော့ စပါး အသင််း အတွက် အမှတ်ပေး ဖလား ပြိုင်ပွဲမှာ 32 ဂိုး အထိ သွင်းယူပေးထားနိုင်ခဲ့ပြီး အမ်ဘာပေ ကတော့ PSG အတွက်် ပြိုင်ပွဲစုံ 41 ဂိုးအထိ သွင်းယူပေးထားခဲ့ပါတယ် ။ ဘန်ဇီးမား ကတော့ ရီးယဲ တို့အတွက် 28 ဂိုးထိ သွင်းယူပေးထားခဲ့ပြီး ချန်ပီယံလိဂ် ဆီမီး ဖိုင်နယ် အဆင့်အထိ တက်ရောက်အောင် ကူညီပေးနိုင်ခဲ့ပါတယ် ။






