အာဆင်နယ်အသင်းသည် ပြင်သစ်နောက်ခံလူ ဆာလီဘာကို (၄)နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
ဆာလီဘာ(၂၂ နှစ်)သည် ပြီးခဲ့သည့်ရာသီက အာဆင်နယ်အသင်းတွင် ခြေစွမ်းပြနိုင်ခဲ့သည့်အတွက် ခေါ်ယူရန် စိတ်ဝင်စားသည့်အသင်းများရှိလာခဲ့ပြီး ပြင်သစ်ထိပ်သီး PSG လည်း ပါဝင်ကြောင်း သတင်းထွက်ခဲ့သည်။

ယင်းအတွက် ၂၀၂၄ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်မည့်ကစားသမားကို အာဆင်နယ်အသင်းအနေဖြင့် သက်တမ်းတိုးရန် အခက်တွေ့ခဲ့ရသည်။
ယခုအခါ လက်ရှိလစာ တစ်ပတ်ပေါင်(၄၀၀၀၀)သာရရှိနေသည့် ဆာလီဘာကို အာဆင်နယ်အသင်းက တစ်ပတ်ပေါင်(၂၀၀၀၀၀)အထိ တိုးမြှင့်ပေးပြီး သဘောတူညီမှုရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စာချုပ်သက်တမ်းမှာ ၂၀၂၇ ခုနှစ်အထိ (၄)နှစ်ဖြစ်သည့်အပြင် တစ်နှစ်ထပ်တိုးနိုင်မည့် သဘောတူညီချက်လည်းပါဝင်ကြောင်း သိရသည်







