Thursday, November 6, 2025
spot_img
spot_img

ဘယ်အရာက ယူနိုက်တက်တို့ကို ဒီရာသီ စပါယ်ရှယ် ဖြစ်စေခဲ့တာလဲဆိုတာ ဖွင့်ပြောလိုက်တဲ့ တော်မီနေး

ယူနိုက်တက် ကွင်းလယ်လူ စကော့ မက် တော်မီနေး က အရင် နည်းပြတွေနဲ့ မတူတဲ့ အဲရစ် တန်ဟတ် ရဲ့ လတ်ဆတ််တဲ့ အကြံဥာဏ်ကောင်းတွေ အသင်းသားဆီသို့ ချပြမှုတွေက သူတို့ရဲ့ ဘောလုံး ရာသီကို စပါယ်ရှယ် ဖြစ်စေခဲ့ကြောင်း ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။

အဲရစ် တန်ဟတ် ဟာ ပြီးခဲ့တဲ့ မေလ 2022 တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြသစ် ဖြစ်လာခဲ့တာ ဖြစ်ပြီး နေရာသစ်မှာ ခြားနားလွန်းတဲ့ စိန်ခေါ်မှုတွေကို တစ်ခုပြီး တစ်ခု ရင်ဆိုင်တွေ့ကြုံခဲ့ရပါတယ် ။

သူရဲ့ ယူနိုက်တက် နည်းပြဘဝ အဖွင့်ပွဲနှစ်ပွဲမှာပဲ ရလဒ်တွေဆိုးရွားပြီး ရှုံးနိမ့်မှုတွေ ကြုံတွေ့ခဲ့ရပါတယ် ။ ဒါပေမဲ့ သူကတော့ လုပ်သင့်တာတွေ လုပ်ဖို့ မပျက်ကွက်ခဲ့ပါဘူး ။ သူဟာ စည်းမျဥ်းစည်းကမ်းတွေကို ချမှတ်ခဲ့ပြီး အသင််းသားတွေအပေါ် အသေအချာကြပ်မတ်ခဲ့ပါတယ် ။

ဒါ့အပြင် သူ့ရဲ့ ကစားကွက်မှာ အံမဝင်တဲ့ ရော်နယ်ဒို နဲ့ ဟယ်ရီ မက်ဂွားယား တို့လို နာမည်ကြီး ကစားသမားတွေကိုလည်း ပွဲထွက် ကစားသမား စာရင်းမှ ချန်လှပ်ဖို့ အထိ ဆုံးဖြတ်ချက် ပြတ်သားခဲ့ပါတယ် ။ ဒါ့အပြင် ပြသနာ ဖန်တီိးခဲ့တဲ့ ရော်နယ်ဒို နဲ့လည်း လမ်းခွဲခဲ့ပါတယ် ။

တန်ဟတ်ရဲ့ စနစ်ကျမှု၊ ပြတ်သားမှုတွေကြောင့် ပထမဆုံး ဘောလုံးရာသီမှာပဲ ပရီးမီးယားလိဂ် အဆင့် 3 နေရာ ၊ ကာရာဘောင် ဖလား ဆွတ်ခူးခြင်း ၊ FA ဖလား ဖိုင်နယ် အဆင့်တို့ အထိ ယူနိုက်တက်တို့ တက်လှမ်းသွားနိုင်ခဲ့ကြပါတယ် ။

ဒါဟာ တန်ဟတ် အတွက်တော့ အောင်မြင်မှုပဲလို့ ပြောရင် မမှားပါဘူး ။ အခုတော့ မက် တော်မီနေး က အခြား နည်းပြတွေနဲ့မတူ ခြားနားလှတဲ့ အဲရစ် တန်ဟတ် ရဲ့ နည်းစနစ််တွေနဲ့ အယူအဆတွေက အသင်းအတွက် အရေးပါခဲ့ကြောင်း ဖွင့်ပြောသွားခဲ့လိုက်ပါတယ် ။

” အခြား နည်းပြတွေနဲ့ နှိုင်းယှဥ်ရင် သူ့ရဲ့ အကူးအပြောင််း လုပ်ဆောင်ပုံက အရမ်း အရမ်းကို ခြားနားလွန်းခဲ့ရပါတယ် ။ ဒါပေမဲ့ ကျွန်တော် ပြောခဲ့သလိုပါပဲ ၊ ဒါက ဘောလုံံး အားကစားပဲလေ ။ သူဟာ ကျွန်တော်တို့ကို အမြဲတမ််း တွေးတောစရာတွေ ပေးခဲ့ပါတယ် ”

” ကျွန်တော်တို့ကို idea အသစ်တွေ တွေးတောနိုင်အောင် လမ်းပြပေးခဲ့ပါတယ် ။ ဒါက သိပ်ကောင်းပါတယ် ။ ကျွန်တော််တို့ ဘောလုံး ကစားဖို့ အကောင်းဆုံး နည်းလမ်းတစ်ခုပဲလေ ။ ကျွန်တော်တို့ စိတ်လက်ပေါ့ပါးစွာနဲ့ ကွင်းထဲကို ဝင်ရောက်နိုင်ကြပါတယ် ”

” အကယ်လို့ သူက ခင်ဗျားတို့ကို တစ်ခုခု လုပ်ဖို့ပြောရင် ခင်ဗျားဖက်က တက်နိုင်သလောက် အကောင်းဆုံး ဖြစ်နိုင််အောင် ကြိုးစားလိုက်ရုံပါပဲ ။ ပြီးရင် လေ့လာ သင်ယူမှုတွေ လုပ်ဆောင်နေရုံပါပဲ ။ ဒါက ကျွန်တော်တို့ ရာသီကို ခမ်းနားစေခဲ့ပါတယ် ။ ကျွန်တော်ကတော့ သူ့ရဲ့ အတွေးနဲ့ အယူအဆတွေက နှစ်ခြိုက်လှပါတယ် ” လို့ မက် တော်မီနေး က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments