Saturday, November 8, 2025
spot_img
spot_img

အာဆင်နယ် အသင်းဟာ မန်စီးတီး အသင်းကို ဖလား ၃ လုံး လမ်းကြောင်းပေါ် တွန်းပို့ခဲ့တယ်လို့ ဝေဖန်လိုက်တဲ့ ဖာဒီနန်

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်း ရီယို ဖာဒီနန် က ဒီရာသီ မှာ သူတို့ရဲ့ မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီး အသင်း ဖလား ၃ လုံး လမ်းကြောင်းပေါ် ရှိနေတာ နဲ့ ပတ်သက်ပြီး အာဆင်နယ် အသင်းကို ဝေဖန် ပြောဆို သွားခဲ့ပါတယ် ။

မန်ချက်စတာ စီးတီး အသင်းဟာ ပြီးခဲ့တဲ့ တစ်ပတ်မှာ မန်ယူနိုက်တက် ကို အနိုင်ယူပြီး ဒီရာသီ ဒုတိယမြောက် ဆုဖလား အဖြစ် အက်ဖ်အေ ဖလား ကို ဆွတ်ခူး ရယူ နိုင်ခဲ့ပါတယ် ။ မန်စီးတီး ဟာ အက်ဖ်အေ ဖလား မတိုင်ခင် ပရီးမီးယားလိဂ် ဖလား ကို ၃ နှစ်ဆက်တိုက် ရယူ ထားနိုင်ခဲ့တာ ဖြစ်ပါတယ် ။ ဒီတစ်ပတ် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာသာ အနိုင်ရပါက မန်စီးတီး အသင်းဟာ တရာသီ အတွင်း ဖလား (၃) လုံး ရယူ နိုင်တဲ့ အသင်း ဖြစ်လာတော့မှာပါ ။

အာဆင်နယ် အသင်းဟာ ပြီးဆုံးသွားခဲ့တဲ့ ဘောလုံးရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် အမှတ်ပေးဇယား ထိပ်ဆုံးမှာ အချိန်ကာလ ကြာမြင့်စွာ ရပ်တည် နိုင်ခဲ့ရာကနေ ရာသီကုန်ခါနီး ခြေချော်ပြီး မန်စီးတီး အသင်းထံ ချန်ပီယံဆုကို လက်လွှတ် ခဲ့ရတာ ဖြစ်ပါတယ် ။

ဖာဒီနန် ကတော့ မန်စီးတီး အသင်း ဖလား ၃ လုံး ရဖို့ အလားအလာရှိနေမှုဟာ အက်ဖ်အေဖိုင်နယ်မှာ ရှုံးခဲ့တဲ့ သူ့ရဲ့ အသင်းဟောင်း မန်ယူနိုက်တက် ထက် ပရီးမီးယားလိဂ် ဖလား ရအောင် မယူ နိုင်တဲ့ အာဆင်နယ် အသင်းကို ဝေဖန် ပြစ်တင် သွားခဲ့ပါတယ် ။

ဖာဒီနန် က FIVE podcast မှာ ” ပရီးမီးယားလိဂ် ဖလား ရအောင် ယူဖို့က အာဆင်နယ် အသင်း အဓိက လုပ်ရမယ့် အလုပ် ဖြစ်ခဲ့တာပါ ၊ ဒီနှစ် ပြိုင်ပွဲ တခုလုံးရဲ့ ၉၃% သော အချိန်တွေမှာ အာဆင်နယ် က စီးတီး ထက် အသာရပြီး ရှေ့က ဦးဆောင် နေတာလေ ၊ ချန်ပီယံဆုရဖို့ တကယ့်နေရာကောင်းမှာ ရှိနေခဲ့ပြီးမှ ရအောင် မယူနိုင်ခဲ့တာလေ ၊ ခင်ဗျားတို့ အလွယ်တကူ အရှုံးပေးခဲ့တာ မဟုတ်ဘူးလားပြောပါဦး ။ ” လို့ ပြောကြား သွားခဲ့တာပါ ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments