Monday, November 10, 2025
spot_img
spot_img

မန်ယူအသင်းအား ဝယ်ယူရန်အတွက် ကာတာစော်ဘွား ပဥ္စမအကြိမ်မြောက် ကမ်းလှမ်းခဲ့ပြီး ဗြိတိန်ဘီလျံနာ ဆာဂျင်ရက်ကလစ်ဖ်နှင့် အပြိုင်ဖြစ်နေ

ကာတာစော်ဘွား ရှိတ်ဂျက်ဆင်ဟာမက်အယ်လ်သာနီသည် အင်္ဂလန်ထိပ်သီး မန်ယူအသင်းကို ဝယ်ယူရန် ပဥ္စမအကြိမ်မြောက် ကမ်းလှမ်းခဲ့ပြီး ဗြိတိန်ဘီလျံနာ ဆာဂျင်ရက်ကလစ်ဖ်နှင့် အပြိုင်ဖြစ်နေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။

ရှိတ်ဂျက်ဆင်ဟာမက်အယ်လ်သာနီသည် မန်ယူအသင်းကို အလုံးစုံပိုင်ဆိုင်ခွင့်ရရန်အတွက် အသင်းပိုင်ရှင် ဂလေဇာမိသားစုနှင့် အရောင်းအဝယ်ကိစ္စကိုလက်ခံဆောင်ရွက်နေသည့် အမေရိကန်ဘဏ်လုပ်ငန်းရှင်များဖြစ်သည့် Raine Group ကို တိုက်ရိုက်ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မန်ယူအသင်း၏ အရောင်းအဝယ်ကိစ္စအတွက် နောက်ဆုံးကမ်းလှမ်းမှုများကို ဇွန်လ ၉ ရက်၊ သောကြာနေ့ Deadline သတ်မှတ်ထားသဖြင့် ကာတာစော်ဘွား၏ ယခုကမ်းလှမ်းမှုမှာ နောက်ဆုံးအကြိမ်ဖြစ်ကြောင်း သိရှိရသည်။

ကာတာစော်ဘွားသည် မန်ယူအသင်းကို (၁၀၀) ရာခိုင်နှုန်းအပြည့် အလုံးစုံပိုင်ဆိုင်ခွင့် ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး ယင်းကမ်းလှမ်းမှုတွင် မန်ယူအသင်း၏ ကြွေးမြီများကို ဆပ်ပေးမည်ဖြစ်သလို၊ အသင်း၏အခြေခံအဆောက်အဦနှင့် ကစားသမားသစ်များ ခေါ်ယူရာတွင်လည်း သီးခြားရန်ပုံငွေများ ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ပြီးခဲ့သည့်မတ်လက ထွက်ပေါ်လာသည့် စာရင်းများအရ မန်ယူအသင်းအနေဖြင့် ကစားသမားခေါ်ယူမှုနှင့် အထွေထွေအသုံးစရိတ်များအတွက် ဘဏ်မှ ချေးယူထားသည့် ကြွေးမြီမှာ ပေါင် (၉၆၉.၆) သန်းအထိ ရှိနေကြောင်း သိရှိရသည်။ဂလေဇာမိသားစုသည် ၂၀၂၂ နိုဝင်ဘာတွင် မန်ယူအသင်းကို ရောင်းချမည်ဟု ထုတ်ပြန်ခဲ့ပြီး ကနဦးက ဧပြီ (၂၈) ရက်ကို Deadline သတ်မှတ်ခဲ့သော်လည်း စိတ်ကျေနပ်လောက်သည့်ကမ်းလှမ်းမှုမရှိသဖြင့် ယနေ့အခြေအနေထိ ရောက်လာခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် မန်ယူအသင်းကို ဝယ်ယူရန် ကာတာစော်ဘွားနှင့် ဗြိတိန်အချမ်းသာဆုံးပုဂ္ဂိုလ် ဆာဂျင်ရက်ကလစ်ဖ်တို့က ကမ်းလှမ်းထားပြီး ဂလေဇာမိသားစုကမူ မန်ယူအသင်းကို ရောင်းချရာမှ ပေါင် (၆) ဘီလီယံအထိ အလိုရှိနေကြောင်း သိရှိရသည်။

Daily Mail ၏ ဖော်ပြချက်အရ လက်ရှိကမ်းလှမ်းမှုများမှာ ဂလေဇာမိသားစု အလိုရှိနေသည့် ပေါင် (၆) ဘီလီယံထက် နည်းပါးကြောင်း သိရှိရသည်။

ကာတာစော်ဘွားသည် မန်ယူအသင်းကို အလုံးစုံဝယ်ယူရန် ကမ်းလှမ်းထားခြင်းဖြစ်ပြီး ဆာဂျင်ရက်ကလစ်ဖ်ကမူ အသင်း၏ ရှယ်ယာအများစုကို ဝယ်ယူကာ ဂလေဇာမိသားစု ဆက်လက်ပါဝင်ပတ်သက်နိုင်ဦးမည့် ကမ်းလှမ်းမှုမျိုး ပြုလုပ်ထားကြောင်း သိရှိရသည်။

မန်ယူအသင်းပိုင်ရှင် အာဗရန်ဂလေဇာသည် မန်စီးတီးကို ရှုံးနိမ့်သည့် FA ဖလားဗိုလ်လုပွဲကို လာကြည့်ခဲ့ပြီး မန်ယူကိုအမှန်တကယ် ရောင်းမလားဆိုသည့်မေးခွန်းကိုမူ ဖြေဆိုခဲ့ခြင်းမရှိပေ။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments