ရီးရဲမက်ဒရစ်အသင်းသည် စပါးအသင်းတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူနိုင်ရေးအတွက် ပေါင်သန်း ၁၀၀ ပေး၍ ကမ်းလှမ်းရန် စီစဉ်နေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြသည်။
အဖြူရောင်အသင်းမှ ဝါရင့်တိုက်စစ်မှူးဘန်ဇီမာ ထွက်ခွာသွားပြီဖြစ်ခြင်းကြောင့် အသင်း၏ တိုက်စစ်ကို ဦးဆောင်နိုင်မည့် ကစားသမားတစ်ဦးလိုအပ်နေသည်။ ရီးရဲမက်ဒရစ်သည် ကိန်းကို ယခင်ကတည်းက စိတ်ဝင်စားနေခြင်းဖြစ်ပြီး အသက် ၂၉ နှစ်အရွယ်ရှိ အင်္ဂလန်တိုက်စစ်မှူးကို ယခုတစ်ကြိမ်တွင်မူ အရခေါ်ယူနိုင်ရန် ကြိုးစားသွားမည်ဖြစ်သည်။

လဗ်ဗီအနေဖြင့်လည်း ပေါင်သန်း ၁၀၀ ခန့်ဖြင့်ကမ်းလှမ်းပါက ကိန်း၏ အပြောင်းအရွှေ့ကို လက်ခံစဉ်းစားသွားဖွယ်ရှိနေကြောင်း အကြိတ်အနယ်ဆွေးနွေးရဖွယ်လည်းရှိကြောင်း သတင်းရင်းမြစ်အချို့က သုံးသပ်ဖော်ပြကြသည်.






