Monday, November 10, 2025
spot_img
spot_img

ယူနိုက်တက်တို့ရဲ့ FA ဖလား ရှုံးပွဲအပြီး စိတ်ပျက်မှုတွေကို ထုတ်ပြလိုက်တဲ့ ဂယ်ရီ နဗီးလ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက ဝင်ဘလေ ကွင်းထဲမှာ FA ဖလား ဖိုင်နယ် ပွဲစဥ် အဖြစ် မြို့ခံ ပြိုင်ဖက် မန်စီးတီး အသင်းနဲ့ ရင်ဆိုင် ကစားခဲ့ရပြီး 2-1 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့်ခဲ့ကာ ဆုဖလား တစ်လုံးကို လက်လွှတ််ဆုံးရှုံးခံခဲ့လိုက်ရပါတယ် ။

ဒီပွဲမှာတော့ ယူနိုက်တက်တို့ အတွက် အဆိုးရွားဆုံး ဖြစ်ခဲ့ရတာက ပွဲချိန် 13 စက္ကန့်မှာပဲ အဖွင့်ဂိုး ပေးလိုက်ရခြင်းပါပဲ ။ ဒီဂိုးကိုတော့ ဒီဘရိုင်းရဲ့ ဖန်တီးမှုကတဆင့် ဂန်ဒိုဂမ် က မြေမကျဘော ကန်သွင်းရင်း ရယူပေးခဲ့တာပဲ ဖြစ်ပါတယ် ။

အဲ့ဒီနောက် ပွဲချိန် 33 မိနစ်မှာ ဂျက် ဂရီလစ်ရှ် ရဲ့ လက်ထိဘောကြောင့် ယူနိုက်တက်တို့ ပင်နယ်တီ ရရှိခဲ့ပြီး ဘရူနို ဖာနန်ဒက်စ် က ဂိုးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့တဲ့ အတွက်် ပထမပိုင်းဟာ တစ်ဖက် တစ်ဂိုးစီ သရေ ရလဒ် နဲ့ ပြီးဆုံံးသွားခဲ့ရပါတယ် ။

ဒါပေမဲ့ ပွဲချိန် 51 မိနစ်မှာ ဒီဘရိုင်း ကပဲ နောက်တစ်လုံး ဖန်တီးပေးခဲ့ပြီး ဂန်ဒိုဂမ် ကပဲ နောက်ထပ် မြေမကျဘောနဲ့ ပွဲစဥ်ကို အဆုံးသတ်လိုက်တာပဲ ဖြစ်ပါတယ် ။ အဆိုပါ ပွဲစဥ်နဲ့ ပတ်သက်လို့ ယူနိုက်တက် ဂန္တဝင် ဂယ်ရီ နဗီးလ် က သူစိတ်ပျက်မိတာကို ​ဖွင့်ဟခဲ့လိုက်ပါတယ် ။

” တကယ့်ကို အကြီးကြီး စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရပါတယ် ။ ဒုတိယဂိုး ပေးခဲ့လိုက်ရတာက တော်တော့်ကို ဆိိုးရွားခဲ့ရပါတယ် ။ အခုတော့ ကျွန်တော်တို့ ခနလောက် အငြိမ််းစား ယူရပါတော့မယ် ။ သြဂုတ်လမှာ ထပ်တွေ့ကြတာပေါ့ဗျာ ” လို့ နဗီးလ် က တွစ်တာမှာ ရေးသားဖော်ပြခဲ့တာပဲ ဖြစ်ပါတယ် ။

ပရီးမီးယားလိဂ် ပွဲစဥ်တွေ ၊ ပြည်တွင်း ပွဲစဥ်တွေ ပြီးဆုံးသွားခဲ့ပြီ ဖြစ်တာကြောင့် ဂယ်ရီ နဗီးလ် အပါအဝင် အင်္ဂလန်် မှ သတင်း သုံးသပ်သူတွေဟာ နောက်ရာသီသစ် မစတင်ခင်အထိတော့ အားလပ်ရက် ရရှိကြတော့မှာပဲ ဖြစ်ပါတယ် ။

ဒါကို ဂယ်ရီ နဗီးလ် က အားလပ်ရက် ရတော့မယ်လို့ မပြောပဲ mini-retirement (ခနတာ အငြိမ်းစားယူခြင်း) လို့ သုံးနှုံးခဲ့တာက ပရိသတ်တွေ အတွက် သဘောကျစရာ ဖြစ်သွားခဲ့ရပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments