မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက ဝင်ဘလေ ကွင်းထဲမှာ FA ဖလား ဖိုင်နယ် ပွဲစဥ် အဖြစ် မြို့ခံ ပြိုင်ဖက် မန်စီးတီး အသင်းနဲ့ ကစားခဲ့ရပြီး ပြိုင်ဖက် အသင််းရဲပ ကွင်းလယ်လူ ဂန်ဒိုဂမ် ရဲ့ ဘယ် ၊ ညာ Volley ကန်ချက်တွေနဲ့ ရှုံးနိမ့်ခဲ့ရပါတယ် ။
ဒီပွဲမှာ ယူနိုက်တက်တို့ဟာ ပွဲချိန် 13 စက္ကန့်ထဲက ဂိုးပေးခဲ့ရတာပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ ဂျက် ဂရီလစ်ရှ် ရဲ့ လက်ထိဘောကြောင့် ရခဲ့တဲ့ ပင်နယ်တီကို ဘရူနို ဖာနန်ဒက်စ် က ဂိုးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့တာကြောင့် ပထမပိုင်းမှာ 1-1 ဖြစ်ခဲ့ရပါတယ် ။

ဒါပေမဲ့ ပွဲချိန် 51 မိနစ်မှာ ဒီဘရိုင်း + ဂန်ဒိုဂမ် အတွဲကပဲ နောက်တစ်ဂိုး သွင်းယူပြီး မန်စီးတီး တို့ကို ဒီရာသီရဲ့ ဒုတိိယမြောက် ဖလားကို ရရှိစေခဲ့တာပဲ ဖြစ်ပါတယ် ။ ခုတော့ ချန်ပီယံလိဂ် ဖိုင်နယ် ကစားရမယ့် မန်စီးတီး တို့ဟာ ယူနိုက်တက် နည်းတူ ဖလား 3 လုံး ဆွတ်ခူးနိုင်ခြေ မြင့်တက်လာခဲ့ရပါပြီ ။
အဆိုပါ ရှုံးပွဲ အပြီးမှာတော့ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် က အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်နိုင်ခြေ ရှိနေတဲ့အသင်းမျိုးမှာ သူကတော့ အသင်းကို ဆက်လက် တိုးတက်စေဖို့ပဲ အာရုံစိုက်ထားကြောင်း ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။
” ကျွန်တော့်မှာ plan တစ်ခုပဲ ရှိပါတယ် ။ အဲ့တာက ဒီကလပ်် ၊ ဒီ squad ကို ဆက်လက် တိုးတက်စေနိုင်ရေးပါပဲ ။ ကျွန်တော့်မှာ ကိုယ်ပိုင် idea တွေ ရှိနေပါတယ် ။ နောက်ရာသီ ဘာတွေ လုပ်ရမလဲဆိုတာ အသင်းကိုလည်း ပြောထားခဲဲ့ပြီးပါပြီ ”

” အသင်းကို ဆက်လက်တိုးတက်စေနိုင်ဖို့ အတွက်တော့ ကျွန်တော့်ရဲ့ ဝန်ထမ်းတွေ ၊ ကစားသမားတွေနဲ့ပဲ အလုပ်လုပ်ရမှာပါ ။ အခုအချိန်မှာတော့ အသင်းရဲ့ အပြောင်းအလဲဲတွေ အကြောင်းကို ကျွန်တော် မပြောချင်ပါဘူး ။ အခုတော့ ဒီရာသီ ကုန်ဆုံးဖို့ပဲ လုပ်ရပါ့မယ် ”
” ကျွန်တော်တို့ တိတ်တိတ်ဆိတ်ဆိတ်လေး နေရင်းနဲ့ ဒီရာသီမှာ ဖြစ်ပျက်ခဲ့တာတွေကို ပြန်လည် ဆင်ခြင်သုံးသပ််ရပါ့မယ် ။ ပြီးရင် မှန်ကန်တဲ့ နိဂုံးတစ်ခုကို ဆွဲထုတ်ရပါ့မယ် ။ အဲ့တာပြီးရင်တော့ လုပ်သင့်လုပ်ထိုက်တာတွေကို ဆက်ပြီးလုပ်ရမှာပါပဲ ”

” ဒီနွေမှာ ခြားနားချက် ဖြစ်ခဲ့တာတွေ ထပ်မတွေးတော့ပါဘူး ။ ကစားသမားသစ်တွေ ခေါ်ယူပြီး အံဝင်အောင်လုပ််ရမယ်ဆိုတာကလည်း ကိစ္စမရှိပါဘူး ။ အဲ့တာတွေထက် ပိုပြီး အရေးကြီးတာက အသင်းမှာ ရှိနေတဲ့ ကစားသမားတွေကို တစ်နေ့ထက်တစ်နေ့ ပိုပြီး တိုးတက်အောင် လုပ်ဆောင််ရေးပါပဲ ”
” ကျွန်တော်တို့ ရာသီအစတုန်းကနဲ့ ယှဥ်ကြည့်လိုက်ရင် အခုလို နေရာကို ရောက်ခဲ့တာကြည့်ပြီး တကယ်ပဲ ဂုဏ်ယူမိပါတယ် ။ ဒီနေ့လည်း ကျွန်တော်တို့ အိမ်ကွင်းမှာ စီးတီးကို အနိုင် ကစားနိုင်ခဲ့တာ တိုက်ဆိုင်မှု မဟုတ်ဘူးဆိုတာကို ပြနိုင်ခဲ့ကြပါတယ် ” လို့ တန်ဟတ် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။






