Wednesday, March 4, 2026
spot_img
spot_img

ပရီးမီးယားလိဂ် ရွှေလက်အိတ်ဆု သေချာသွားခဲ့တဲ့ ဘုန်းမောက်နဲ့ နိုင်ပွဲအပြီး အသင်းဖော်တွေကို စိန်ခေါ်မှုတစ်ခု ပြုလုပ်လိုက်တဲ့ ဒီဂီယာ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက ဗိုက်တယ်လတီ ကွင်းထဲမှာ ဘုန်းမောက် အသင်းနဲ့ ပရီးမီယားလိဂ် အဝေးကွင်း ပွဲစဥ် ကစားခဲ့ရပြီး 0 – 1 ဆိုတဲ့ ရလဒ် နဲ့ အဖိုးတန် နိုင်ပွဲတစ်ပွဲကို ရယူသွားနိုင်ခဲ့ပါတယ် ။ အဆိိုပါ ရလဒ်ကြောင့် ယူနိုက်တက်တို့ရဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိရေး မျှော်လင့်ချက် အားကောင်းသွားခဲ့ရပါတယ် ။

အဆိုပါ ပွဲစဥ်ပြီးဆုံးပြီး လီဗာပူး ပွဲစဥ်ပါ 1-1 ဆိုတဲ့ ရလဒ်် နဲ့ ပြီးဆုံးသွားခဲ့တဲ့နောက် မန်ချက်စတာ ယူနိုက်တက် နဲ့ အနီးကပ်ဆုံးပြိုင်ဖက် လီဗာပူး အသင်းတို့အကြား ရမှတ် ခြားနားချက် 6 မှတ် အထိ ရှိလာခဲ့ပြီပဲ ဖြစ်ပါတယ် ။ ဒီရလဒ််ကြောင့် ယူနိုက်တက်တို့ လက်ကျန် ပွဲစဥ် နှစ်ပွဲမှာ တစ််ပွဲ သရေကျရုံနဲ့ ချန်ပီယံလိဂ် ဝင်ခွင့်ရမှာ ဖြစ်ပါတယ် ။

အကယ်လို့ လီဗာပူးတို့သာ ဒီရာသီ နောက်ဆုံးကစားရမယ့် ဆောက်သမ်တန် အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဥ်မှာ အနိုင်မရခဲ့ရင် ယူနိုက်တက်တို့ လက်ကျန် အိမ်ကွင်း ပွဲစဥ် နှစ်ပွဲလုံး ရှုံးနိမ့်သွားရင်လည်း နောက်ရာသီအတွက် ချန်ပီိယံလိဂ် ဝင်ခွင့်ကို ရရှိသွားမှာပဲ ဖြစ်ပါတယ် ။

အခြားတဖက်မှာတော့ ယူနိုက်တက်တို့ရဲ့ နံပါတ်တစ် ဂိိုးသမား ဖြစ်သူ ဒေးဗစ် ဒီဂီယာဟာလည်း အဆိုပါ ပွဲစဥ်မှာ clean sheet ရယူနိုင်ခဲ့တာကြောင့် ဂိုးမပေးရတဲ့ပွဲ 17 ကြိမ််အထိ ရှိလာမှုနဲ့ အတူ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ ရွှေလက်အိတ်ဆုကို ပြိုင်ဖက်မရှိ ဆွတ်ခူးသွားနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ တစ်ကိုယ်တော်ဆုကို ရရှိခဲ့တဲ့ ဒီဂီယာ ကတော့ ဘုန်းမောက် အသင်းကို Clean Sheet နဲ့ အနိုင် ကစားနိုင်ခဲ့တာကို ထည့်မတွက်ပဲ အသင်းဖော်တွေ အနေနဲ့ လက်ကျန်် ပွဲစဥ်နှစ်ပွဲကို အကောင်းဆုံး ကစားပြီး ဒီရာသီ အမြင့်ဆုံး ရရှိနိုင်တဲ့ အဆင့် 3 နေရာကို ရရှိဖို့ ကြိုးစားသင့်နေသေးကြောင်း စိန်ခေါ်သွားခဲ့လိုက်ပါတယ် ။

” ဒီပွဲမှာ သူတို့ဟာ အခွင့်အရေးကောင်း နည်းပါးခဲ့ကြပါတယ် ။ ကျွန်တော်တို့ဖက်ကတော့ တစ်ချိန်လုံး အချိတ်အဆက််မိဖို့ အာရုံစိုက် ကစားခဲ့ရပြီး နိုင်ပွဲ ရယူနိုင်ခဲ့ကြပါတယ်် ။ ကျွန်တော်ကတော့ အသင်းဖော် အားလုံးရဲ့ ကြိုးစားမှုအတွက် ပျော်ရွှင်မိပါတယ် ။ ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့ ရာသီထက် သိသိသာသာ တိုးတက်လာခဲ့ကြပြီလေ ”

” ကျွန်တော်တို့ မှန်ကန်တဲ့ လမ်းကြောင်းပေါ် လျှောက်လှမ််းနေကြပါတယ်။ ဒါပေမဲ့ အလုပ်ကတော့မပြီးပြတ်သေး ပါဘူး ။ ကျွန်တော်တို့ အိမ်ကွင်း ပွဲစဥ် နှစ်ပွဲ ကစားရပါဦးမယ် ။ ကျွန်တော်တို့ တစ်မှတ်လိုတာ သိပေမဲ့ ဒီပွဲ နှစ်ပွဲကို နိုင်အောင် ကစားရမယ်ဆိုတာ သိထားကြပါတယ် ”

” ကျွန်တော်တို့ နှစ်ပွဲလုံး နိုင်အောင် ကစားပြီး အဆင့် 3 နေရာနဲ့ ရာသီ ပိတ်သိမ်းနိုင်မလားဆိုတာကို စောင့်ကြည့်ချင်ပါတယ် ။ အဆင့်လေးထက် အဆင့်သုံး နေရာကို ပိုလိိုချင်မိတယ်လေ ။ အိုးလ် ထရပ်ဖို့ဒ် မှာ နှစ်ပွဲလုံး ကစားရမှာပါ ။ ဒီမှာ ကစားရတာက အမြဲတမ်း စပါယ်ရှယ် ဖြစ်ခဲ့ရပါတယ် ”

” ကျွန်တော်တို့ အိမ်ကွင်းမှာ ကစားပြီး ချန်ပီယံလိဂ် ဝင်ခွင့်ကို ရယူကြရမှာပါ ။ ကျွန်တော်တို့ လက်ကျန် အလုပ်ကို ပြီးပြတ်အောင် လုပ်ကြရပါ့မယ် ။ ဒီ​နေ့ပွဲမှာတော့ ခံစစ်် ကစားသမားတွေတင် မဟုတ်ပါဘူး ၊ တစ်သင်းလုံးက အကောင်းဆုံး ဖြစ်အောင် ကစားနိုင်ခဲ့ကြပါတယ် ” လို့ ဒီဂီယာ က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments