Friday, March 13, 2026
spot_img
spot_img

ဘရိုက်တန် နောက်ခံလူ ကို ခေါ်ယူဖို့ အာဆင်နယ် အသင်းထံ တိုက်တွန်း ပြောကြားလိုက်တဲ့ ပီတစ်

ဂန်းနား ကွင်းလယ်လူဟောင်း အီမန်နျူရယ် ပီတစ် ကတော့ လာမယ့် နွေရာသီ အပြောင်းအရွှေ့ကာလမှာ ဘရိုက်တန် အသင်း ရဲ့ နောက်ခံလူ လီဝစ်ဒန့်ကို ခေါ်ယူဖို့ အာဆင်နယ် အသင်း ထံ အံ့အားသင့်ဖွယ် တိုက်တွန်း ပြောကြား သွားခဲ့ပါတယ် ။

အသက် ၃၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဒန့်ဟာ ဘရိုက်တန် အသင်းရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ် လာခဲ့သူ ဖြစ်ပြီး Seagulls တို့ အတွက် ပွဲပေါင်း ၄၀၀ ကျော် ကစား ထားပါတယ် ။ ဒန့် ရဲ့ ဦးဆောင်မှု နဲ့ အတူ ဘရိုက်တန် အသင်းဟာ ဒီရာသီ အဆင့် ၇ နေရာမှာ ရပ်တည် နေပြီး ဥရောပ ပြိုင်ပွဲ ဝင်ခွင့် အတွက် တိုက်ပွဲ ဝင်နေပါတယ် ။

ဒါ့အပြင် ဘရိုက်တန် အသင်းဟာ အက်ဖ်အေ ဖလား ဆီမီးဖိုင်နယ် အဆင့် ကို တက်ရောက်ထားနိုင်ပြီး ဧပြီလ ၂၃ ရက်နေ့မှာ မန်ချက်စတာ ယူနိုက်တက် အသင်း နဲ့ ကစားရမှာ ဖြစ်ပါတယ် ။ ဘရိုက်တန် အသင်း နဲ့ ၂၀၂၅ ခုနှစ် အထိ စာချုပ် သက်တမ်း ကျန်ရှိနေသေးတဲ့ ဒန့်ကို ခေါ်ယူသင့်ကြောင်း အသင်းဟောင်း အာဆင်နယ် ကို ပီတစ် က တိုက်တွန်း ပြောကြား သွားခဲ့ပါတယ် ။

” အာဆင်နယ် အနေနဲ့ အနည်းဆုံး ဗဟိုနောက်ခံလူ တစ်ဦး ၊ wing-back တစ်ဦး ထပ်ခေါ် သင့်တယ်လို့ ကျနော်ကတော့ ထင်ပါတယ် ၊ နေရာနှစ်ခုစလုံးမှာ ကစား နိုင်သူဆိုရင်တောါ အကောင်းဆုံးပေ့ါဗျာ ။ အာဆင်နယ် အသင်းက လာမယ့် ရာသီမှာ ချန်ပီယံလိဂ် ကစားရဖို့ ရှိတော့ squad depth တောင့်တင်းဖို့လိုပါတယ် ။ ”

” ကျနော် က ဘရိုက်တန် ရဲ့ အကြီးစား ပရိသတ် တစ်ဦးပါ ။ သူတို့မှာ အာဆင်နယ် အသင်းကို ဒီထက် ပိုမို တိုးတက် ကောင်းမွန်အောင် လုပ်ဆောင်ပေးမယ့် ကစားသမား အချို့ ရှိပါတယ် ၊ ကျနော်ကတော့ လီဝစ်ဒန့် ကို အမှန်တကယ် သဘောကျပါတယ် ၊ သူက အာဆင်နယ် အတွက် ကောင်းမွန်တဲ့ အင်အား ဖြည့်တင်းမှု ဖြစ်မှာပါ ။ ”

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ဒန့်ရဲ့ အသင်းဖော် ထရောဆက်ဒ် ကို ခေါ်ယူအားဖြည့် ခဲ့ပါသေးတယ် ။ ပီတစ်က ထရောဆက်ဒ်နဲ့ ပတ်သက်ပြီး ” သူ အာဆင်နယ် အပေါ် ကြီးကြီးမားမား အကျိုးပြုထားတဲ့ အပေါ် ကျနော်က မအံ့ဩမိပါဘူး ။သူက တကယ့်ကို ပါးနပ်လှတဲ့ ကစားသမား တစ်ဦးပါ ၊အာဆင်နယ် အသင်း ကစားချင်တဲ့ ပုံစံအတိုင်း အံ့ဝင်ခွင်ကျ ကစား နိုင်ပါတယ် ။”

” သူ့ရဲ့ရွေ့လျားမှု က ပါးနပ် သေသပ်လွန်းပါတယ် ၊ နေရာကြပ်တွေမှာ သူ ကစားတာ အတော်လေး ကောင်းပါတယ် ၊ ဒါ့အပြင် တိုက်စစ်မှူး အဖြစ်ရော တောင်ပံ ကစားသမား အဖြစ်ပါ ကစား နိုင်ပါတယ် ၊ သူ့ကိုရလိုက်တာ အာဆင်နယ် အတွက် တကယ် တန်တာပါ ၊ ဇန်နဝါရီမှာ အသင်းကို အပြောင်းအလဲ လုပ်ရတာ မလွယ်လှပါဘူး ၊ သူက အသင်းကို ချက်ချင်း အကျိုးပြု နိုင်ခဲ့ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments