Wednesday, March 11, 2026
spot_img
spot_img

၂၀၂၄ တွင် စာချုပ်ကိစ္စနှင့်ပတ်သက်၍ ရီးယဲလ်ကို အမ်ဘာပေ ဆက်သွယ်

ပြီးခဲ့သည့်နွေရာသီက ရီးယဲလ်မက်ဒရစ်ကို ငြင်းပယ်ခဲ့သော်လည်း ကိုင်လီယန် အမ်ဘာပေ သည် ရီးယဲလ်မက်ဒရစ်အသင်းတွင် စာချုပ်ချုပ်ဆိုရန် မျှော်လင့်နေပြီး ရီးယဲလ်ကလည်း အမ်ဘာပေ ထိုသိုပြုလုပ်ရန်လမ်းစကိုချခဲ့သည်။

အမ်ဘာပေ သည် သူတိုအသင်းနှင့် စာချုပ်ချုပ်ဆိုရန် အဆင်သင့်ဖြစ်နေပြီဟု အသိပေးရန်အတွက် ရီးယဲလ်မက်ဒရစ် အား ဆက်သွယ်ထားကြောင်း သိရသည်။ လက်ရှိသူကစား နေသည့် PSG အသင်းက အမ်ဘာပေ အတွက် ညှိနှိင်းရန် ဆန္ဒမရှိတာကြောင့် ရီးယဲလ်နှင့် သဘောတူညီမှု သည် ၂၀၂၄ ခုနှစ်တွင် ဖြစ်မြောက်မည်ဖြစ်သည်။ အမ်ဘာပေ က သူဆက်နေချင်သည်ဟု ဆုံးဖြတ်ထားလျှင် သူ့စာချုပ်၏ တတိယနှစ်သည် အသက်ဝင်မည်ဖြစ်သည်။

ထိုကြောင့် ရီးယဲလ်မက်ဒရစ်သည် အမ်ဘာပေ ကို အလွတ် ခေါ်ယူနိုင်ရန် ၂၀၂၄ ခုနှစ်အထိ စောင့်ဆိုင်းရမည်ဖြစ်သည်။ သိုသော် PSG တိုက်စစ်မှုးနှင့် အရင်က အတွေ့အကြုံကြောင့် ရီးယဲလ်သည် ပူလောင်နေခဲ့ပြီး ထပ်မံငြင်းပယ်ခံရရန် သူတိုကိုယ်သူတို ခွင့်ပြုတော့မှာမဟုတ်ပါဘူး။

အမ်ဘာပေသည် နှစ်ဖက်သဘောတူမှုဖြင့် သိုမဟုတ် စာချုပ်သက်တမ်းကုန်ဆုံးရန် ခွင့်ပြုပေးခြင်းဖြင့် သူ့ကိုယ်သူ PSG မှ လွတ်မြောက် စေရမည်ဖြစ်ပြီး PSG နှင့် မပတ်သက်တော့မှသာ အမ်ဘာပေနှင့် စာချုပ်ချုပ်ဆိုရန် ညှိနှိင်းမည်ဖြစ်သည်။ ရီးယဲလ်မက်ဒရစ် နှင့် စာချုပ်ချုပ်ဆိုလိုသည့်ဆန္ဒက ခိုင်မာကြောင်း အမ်ဘာပေ အာမခံထားပြီး ၂၀၂၄-၂၅ ရာသီနောက်ဆုံးထား၍ PSG အတွက် ကစားပေးမည်ဟု PSG သို ပြောကြားထားကြောင်းလည်း မီဒီယာအချိုက ဖော်ပြခဲ့သည်။

အကယ်၍ ရီးယဲလ်မက်ဒရစ်သည် အမ်ဘာပေ နှင့် အလွတ်သဘောဖြင့် သဘောတူညီမှုရခဲ့ပါက သူတိုအတွက် ကံကြမ္မာကို ပြောင်းလဲရန် ၂၀၃၀ ခုနှစ်အထိ အလားအလာ ရှိကြောင်း သိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments