Friday, March 13, 2026
spot_img
spot_img

ဖူလ်ဟမ်နဲ့ နိုင်ပွဲအပြီး အသင်းဖော်တွေရဲ့ အရည်အသွေး နှစ်ခုကို ထုတ်ဖော် ချီးကျူးလိုက်တဲ့ ဆာဗစ်ဇာ

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ မာဆယ် ဆာဗစ်ဇာ က ဖူလ်ဟမ် အသင်းကို အနိုင်ကစားနိုင်ခဲ့တဲ့ FA ဖလား ကွာတား ဖိုင်နယ် ပွဲစဥ်အပြီး အသင်းဖော်တွေရဲ့ အသင်းလိုက် စိတ်ဓါတ် ၊ ခံယူချက်တွေကို ထုတ်ဖော်် ချီးကျူး သွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ FA ဖလား ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် အဆင့် ပွဲစဥ်အဖြစ် ဖူလ်ဟမ် အသင်းကို ဧည့်ခံခဲ့ရပြီး 3-1 ဆိုတဲ့ ရလဒ် နဲ့ လိုအပ်တဲ့ နိုင်ပွဲကို ရယူကာ ဆီမီး ဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ် ။

ဒီပွဲစဥ်ရဲ့ပထမပိုင်းမှာ ယူနိုက်တက်တို့ အခွင့်အရေးတွေ ရရှိခဲ့ပေမဲ့ အသုံးမချနိုင် ဖြစ်ခဲ့ကြရပါတယ် ။ အဲ့ဒီနောက် ဒုတိယပိုင်း စတင်ပြီး 5 မိနစ် အကြာမှာပဲ ဖူလ်ဟမ် အသင််းရဲ့ တိုက်စစ်မှူး မီထရိုဗစ် က ဦးဆောင်ဂိုး သွင်းယူသွားနိုင်ခဲ့ပါတယ် ။

ဒါပေမဲ့ ပွဲချိန် 72 မိနစ်မှာ ဖူလ်ဟမ် အသင်းရဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ဝီလီယံဟာ ဝဂ်ဟော့စ် ရဲ့ ကန်ချက်ကို လက်နဲ့ တားဆီးခဲ့တဲ့ အတွက် အနီကဒ် ပြသခံခဲ့ရပါတယ် ။ ဒါ့အပြင် ကွင်းလယ်ဒိုင်ကို စောဒကတက်ရာမှာ လက်ပါခဲ့တဲ့ မီထရိုဗစ် လည်း နီးခဲ့ပါတယ် ။

အဲ့ဒီကတဆင့် ယူနိုက်တက်တို့ ပင်နယ်တီ ရရှိခဲ့ပြီး ဘရူနို ဖာနန်ဒက်စ် က ဂိုးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ပါတယ် ။ အဲ့ဒီနောက် 2 မိနစ် အကြာမှာပဲ လုခ်ရှော ရဲ့ ဖန်တီးပေးမှုကို ဆာဗစ်ဇာ က လှလှပပ ဂိုးသွင်းယူသွားနိုင်ခဲ့ပြီး ယူနိုက်တက်တို့ကို ဦးဆောင်ခွင့် ရရှိစေခဲ့ပါတယ် ။

အဲ့ဒီနောက် နာကျင်ချိန်ပို 96 မိနစ်မှာ ဖရက်ဒ် ရဲ့ ဖန်တီးပေးမှုကို ဘရူနို ဖာနန်ဒက်စ် ကပဲ ဂိုးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ပြီး အသင်းကို နောက်တစ်ဆင့် တက်ရောက်စေနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ အဆိုပါ ပွဲစဥ်အပြီးမှာတော့ ဆာဗစ်ဇာ က အသင်းဖော်တွေကို ချီးကျူးသွားခဲ့လိုက်ပါတယ် ။

” ပွဲစဥ်ထဲ ဖြစ်ပွားခဲ့တာတွေ အများကြီးပါပဲ ။ 1-0 နဲ့ ရှုံးနိမ့်ခဲ့တယ် ။ အနီကဒ် နှစ်ခု ၊ ပင်နယ်တီ တစ်ကြိမ် ၊ Come Back ပွဲ ဖြစ်ခဲ့ရပါတယ် ။ ဒီပွဲမှာ ကျွန်တော်တို့ အရမ်းကို အာရုံစိုက်ခဲ့ရပါတယ် ။ ကျွန်တော်တို့ ဝင်ဘလေ ကို ထပ်သွားချင်ကြသေးတယ်လေ ”

” ကျွန်တော်တို့ နိုင်ပွဲရအောင် လုပ်နိုင်ခဲ့ကြပါတယ် ။ ဒါဟာ အရေးကြီးတဲ့ အချက်ပါပဲ ။ ပထမဆုံး အနေနဲ့ ကျွန််တော်တို့ ပထမပိုင်း ကစားပုံ ကောင်းမွန်ခဲ့ကြတယ် ထင်ပါတယ် ။ ကျွန်တော်တို့ အခွင့်အရေး အချို့ ပိုင်ဆိုင်ခဲ့ကြပြီး လွဲချော်ခဲ့ကြသေးတယ်လေ ”

” ပထမပိုင်း ပြီးတော့လည်း တစ်ဂိုး ပေးခဲ့ပြန်ပါတယ် ။ ကျွန်တော်တို့ လိုချင်တာ အဲ့တာ မဟုတ်ဘူးလေ ။ ဒီလိုပွဲက ခက်ခဲမယ်ဆိုတာ ကျွန်တော်တို့သိခဲ့ကြပေမဲ့ ယုံကြည်မှု ရှိခဲ့ကြပါတယ် ။ ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ အသင််းစိတ်ဓါတ် ၊ ခံယူချက်တွေ ရှိခဲ့ပါတယ် ”

” ပရိသတ်တွေဟာ အံ့ဖွယ်ဖြစ်ခဲ့ကြပါတယ် ။ သူတို့ဟာ ကျွန်တော်တို့ကို ရှေ့ဆက်နိုင်ဖို့ တွန်းအားပေးခဲ့ကြတယ်လေ ။ ဒီ​နေ့အတွက် တကယ်ပဲ ပျော်ရွှင်မိပါတယ် ။ ရိုးရိိုးသားသား ပြောရရင် ဖူလ်ဟမ် အတွက် ကစားသမား နှစ်ယောက် လျော့ခဲ့တာက မလွယ်ကူစေခဲ့ဘူးလေ ”

” ကျွန်တော်တို့ အတွက်တော့ ဒါက ကစားရ လွယ်ကူစေခဲ့ပါတယ် ။ ကျွန်တော်တို့မှာ တကယ့်ကို ကောင်းမွန်တဲ့အသင််းလိုက် စိတ်ဓါတ် ရှိခဲ့ရပါတယ် ။ ဒါကို အဝတ်လဲခန်း ၊ ကွင်းအတွင်း ကွင်းအပြင်မှာပါ ကျွန်တော်တို့ ခံစားနိုင်ခဲ့ပါတယ် ” လို့ ဆာဗစ်ဇာ က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments