Thursday, March 12, 2026
spot_img
spot_img

ရာသီကုန်အထိ အသင်းအတွက် အကျိုးပြုပေးနိုင်မယ့် အသင်းဖော် နှစ်ဦးအမည်ကို ထုတ်ပြောလိုက်တဲ့ ဗာရန်း

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အားထားရတဲ့ ဗဟိို ခံစစ် ကစားသမား ဖြစ်သူ ရာဖေးလ် ဗာရန်း က အသင််းရဲ့ လူငယ် ကြယ်ပွင့် ကစားသမား နှစ်ဦး ဖြစ်ကြတဲ့ ဂါနာချို နဲ့ ပယ်လီစထရီ တို့ဟာ ရာသီကုန်အထိ အသင်းကို အကျိုးပြုပေးနိုင်လိမ့်မယ်လို့ ဟောကိန်း ထုတ်ခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ တနင်္ဂနွေ​နေ့တုန််းက ဆောက်သမ်တန် အသင်းကို အနိုင် ကစားဖို့ ရုန်းကန််နေခဲ့ရချိန်မှာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် က သူတို့ နှစ်ဦးကို ပွဲအပြောင်းအလဲ ဖြစ်စေနိုင်ဖို့ ရည်ရွယ်ချက််နဲ့ လူစားဝင် ကစားခွင့် ပေးဆောင်ခဲ့တာပဲ ဖြစ်ပါတယ် ။

အဆိုပါ ပွဲစဥ်မှာတော့ အသက် 18 နှစ်သာ ရှိနေသေးတဲ့ ဂါနာချို နဲ့ အသက် 21 နှစ် အရွယ် ရှိနေကြပြီ ဖြစ်တဲ့ ပယ်လီစထရီ တို့ဟာ အသင်းအတွက် အထင်ကြီးဖွယ်ရာ ပုံစံကောင်းတွေ ပြသသွားနိုင်ခဲ့ကြပါတယ် ။ ဒါပေမဲ့ သူတို့ 2 ဦးဟာ ရလဒ်ကို ပြောင်းလဲပေးနိုင်စွမ်းတော့ မရှိခဲ့ပဲ ဖြစ်ခဲ့ကြပါတယ် ။

ဘယ်လိုပဲ ဖြစ်နေပါစေ ၊ ပြိုင်ဖက် အသင်းကို 10 ယောက််နဲ့ ယှဥ်ပြိုင်နေရတဲ့ ပွဲစဥ်မျိုးမှာ အဲရစ် တန်ဟတ် မှ သူတို့ကို ယုံကြည်စွာ ပွဲထွက်ခွင့် ပေးခဲ့မှု နဲ့ ကစားသမားတွေရဲ့ ခြေစွမ်းပြမှုက စိတ်ကျေနပ်စရာ ဖြစ်ခဲ့ရပြီး ဗာရန်းက သူတို့ဟာ အခွင့်အရေး ရရှိတာနဲ့ ပွဲအဖြေကို ပြောင်းလဲနိုင််သူတွေ ဖြစ်ကြောင်း ဖွင့်ဟသွားခဲ့လိုက်ပါတယ် ။

” သူတို့မှာ ခမ်းနားတဲ့ ပါရမီတွေ ရှိနေတယ်လို့ ကျွန်တော် ထင်မိပါတယ် ။ ဒါကို ခင်ဗျားတို့လည်း ဒီနေ့မြင်တွေ့ခဲ့မှာပါ ။ သူတို့ဟာ ကွင်းထဲကို လျှင်မြန်မှုတွေ ယူဆောင်ပေးနိုင််စွမ်းရှိကြသလို အခွင့်အရေး ဖန်တီးမှု ၊ ပြိုင်ဖက်တွေအတွက်် အန္တရာယ်တွေ ပေးစွမ်းနိုင်မှုတွေလည်း လုပ်ပြနိုင်စွမ်း ရှိနေပါတယ် ”

” ခြားနားချက်တွေ ၊ ပွဲအဖြေကို ပြောင်းလဲပေးနိုင်မှုတွေ ပြုလုပ်ပေးနိုင်ဖို့ အတွက် ကျွန်တော်တို့ အသင်းမှာ ဒီလို ကစားသမားတွေ လိုအပ်လှပါတယ် ” လို့ ဗာရန်း က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။ အသင်းရဲ့ အားထားရတဲ့ စီနီယာ ကစားသမား တစ်ဦးဆီက အခုလို စကားမျိုး ကြားရတာက လူငယ်တွေအတွက် အားတက်စရာပါပဲ ။

ယူနိုက်တက်တို့ တနင်္ဂနွေညက ဆောက်သမ်တန် အသင််းနဲ့ ဂိုးမရှိ သရေ ရလဒ် ထွက်ပေါ်ခဲ့ရတဲ့ ပွဲစဥ်ဟာ ဒီလ အတွက် သူတို့ရဲ့ နောက်ဆုံး ပရီးမီးယားလိဂ် ပွဲစဥ် ဖြစ်သွားခဲ့ရပါတယ် ။ ယူနိုက်တက်တို့ဟာ ကြားရက်ထဲမှာ ယူရို ပါလိဂ် ၊ FA ဖလား ပွဲစဥ်တွေကိုပဲ ကစားသွားကြရဖို့ ရှိနေတာပဲ ဖြစ်ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments