မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဗဟို နောက်ခံလူ ဖြစ်တဲ့ လီဆန်ဒရို မာတီနက်ဇ် က သူ့ရဲ့ အမည်ပြောင် the butcher က ဘယ်လို ဖြစ်လာသလဲ ၊ ဘယ်သူ စပေးလိုက်တာလဲဆိုတာကို တကယ်ပဲ မသိတော့ကြောင်း ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။
လီဆန်ဒရို မာတီနက်ဇ် ဆိုတာ ပြီးခဲ့တဲ့ နွေတုန်းက အေဂျက်ဇ် အသင်းမှ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရောက်လာခဲ့တာ ဖြစ်ပြီး အရပ်အမောင်း မကောင်းတဲ့ အတွက်် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ရုန်းကန်ရလိမ့်မယ်လို့ ထင်ကြေး ပေးခံခဲ့ရတာပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ လက်တွေ့မှာတော့ သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဗဟို ခံစစ် နေရာမှာ ရာဖေးလ် ဗာရန်း နဲ့ အကောင်းဆုံး တွဲဖက် ကစားပြနိုင်ခဲ့ပြီး ပရိသတ်တွေ ထင််မှတ်ထားခဲ့တာထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေကို ပြသသွားနိုင်ခဲ့ပါတယ် ။
ထို့အတူ သူ့ရဲ့ မာမာထန်ထန် ကစားဟန် ၊ အားကြိုးမာန်တက်် ကစားပေးမှု ၊ အသင်း ဂိုးရရှိတဲ့ အချိန်တွေမှာ စိတ်လွတ်လက်လွတ်အောင်ပွဲခံမှုတွေက အာဂျင်တိုင်းသားကို အချိန်တိုလေး အတွင်းမှာပဲ ပရိသတ် အချစ်တော် ကစား သမား တစ်ဦး ဖြစ်စေနိုင်ခဲ့ပါတယ် ။

အခြားတဖက်မှာတော့ သူဟာ အေဂျက်ဇ် အသင်းမှာကတည််းက အထူးပုံစံကောင်းတွေ ပြသထားနိုင်ခဲ့ပြီးနောက် The Butcher ဆိုတဲ့ နာမည်ပြောင် တစ်ခုကို ရရှိနိုင်ခဲ့ပါတယ်် ။ ဒါပေမဲ့ အဲ့ဒီ နာမည်ပြောင်ကို ဘယ်ကနေ စတင် ရရှိခဲ့တာလဲဆိုတာ မသိတော့ကြောင်း မာတီနက်ဇ် က ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။
” အေဂျက်ဇ် မှာတုန်းက သူတို့ ဘာကြောင့် ကျွန်တော့်ကို ‘ The Butcher ‘ ဆိုပြီး ခေါ်ခဲ့ကြလဲဆိုတာကို မသိတော့ပါဘူး ။ ဒီ နာမည်ပြောင်ကို ဘယ်သူ စတင်ပြီး ပေးခဲ့တာလဲ ဆိုတာကိုတောင် ကျွန်တော် မမှတ်မိတော့ပါဘူး ။ ဒါဟာ ကျွန်တော့် ကစားပုံ aggressive ဖြစ်လွန်းလို့ ပေးတာလဲ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် ”

” ကျွန်တော် အာဂျင်တီးနားမှာတုန်းက အမဲသား တစ်ခါ ချက်ပြုတ်ခဲ့ဖူးပါတယ် ။ အဲ့တာကို ကြည့်ပြီး သူတို့ The Butcher (သားသတ်သမား) ဆိုတဲ့ နာမည်ကို ပေးတာဖြစ်ကောင်း ဖြစ်နိုင်ပါတယ် ။ ဒီနာမည်ပြောင်က ကျွန်တော်နဲ့ အတော်လေးတော့ ကိုက်ညီလှပါတယ် ”

” ဒါပေမဲ့ အမှန်တရားတစ်ခုက ကျွန်တော်ဟာ ပွဲစဥ်တိုင်းကို ကျွန်တော့်ရဲ့ နောက်ဆုံးပွဲအဖြစ် သတ်မှတ် ကစားတာပါပဲ ။ အဲ့တာကိုအခြေခံပြီး ကျွန်တော်ဟာ ပွဲစဥ်တွေမှာ ပိုပြီးတော့ ကစားကွက်ကို ဖတ်ရှုနိုင်စွမ်း ရှိလာခဲ့သလို ဆုံးဖြတ််ချက်တွေ ချမှတ်တာလည်း ပိုကောင်းခဲ့ရပါတယ် ”
” ကျွန်တော့်ရဲ့ ဘောလုံးပေးမှုတွေလည်း ပိုကောင်းခဲ့ရပါတယ် ။ ကျွန်တော်ဟာ နောက်ဆုံးဖြစ်သွားနိုင်တဲ့ ပွဲစဥ်တိုင််းမှာ ပိုပြီးတိုးတက်ဖို့ အာရုံစိုက်နေခဲ့သူပါပဲ ။ ကျွန်တော့်မှာ limit မရှိပါဘူး ။ ကျွန်တော့်ကို ကျွန်တော် မြှင့်တင်ချင််တယ်ဆိုရင် ဒီနေရာတွေ တိုးတက်အောင် ကြိုးစားရမှာပါပဲ ” လို့ မာတီနက်ဇ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။






