အင်တာမီလန်အသင်းသည် ချယ်လ်ဆီးအသင်းမှ အငှားခေါ်ယူထားသည့် တိုက်စစ်မှူး လူကာကူကို လာမည့်နွေတွင် ချယ်လ်ဆီးအသင်းထံသို့ ့ပြန်ပို့ဖွယ်ရှိနေကြောင်း သိရသည်။
အင်တာမီလန်အသင်းသည် ပြီးခဲ့သည့်နွေတွင် လူကာကူကို တစ်ရာသီအငှားဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။

အင်တာမီလန်အသင်းသည် လူကာကူကို တစ်ရာသီငှားရမ်းခအဖြစ် ချယ်လ်ဆီးအသင်းထံ ယူရိုသန်း (၂၀) ပေးချေခဲ့ရကြောင်း သိရသည်။
သို့သော် လူကာကူသည် အင်တာမီလန်အသင်းတွင် ဒဏ်ရာပြဿနာများဖြင့် ရုန်းကန်နေရပြီး ယခုရာသီ ပြိုင်ပွဲစုံ (၁၂) ပွဲသာ ကစားရသေးကာ (၂) ဂိုးသွင်းယူနိုင်သေးသည်။

ထို့ကြောင့် အင်တာမီလန်အသင်းသည် ငှားရမ်းခစျေးကြီးသည့် လူကာကူကို ထပ်မံခေါ်ယူလိုခြင်းမရှိတော့ဘဲ လာမည့်နွေရာသီတွင် ချယ်လ်ဆီးအသင်းထံသို့ ပြန်ပို့ဖွယ်ရှိနေခြင်းဖြစ်သည်။
လူကာကူကမူ ချယ်လ်ဆီးသို့ ပြန်လိုခြင်းမရှိဘဲ အင်တာမီလန်အသင်းတွင်သာ ဆက်ကစားလိုနေကြောင်း သိရသည်။






