Friday, March 13, 2026
spot_img
spot_img

ရော်နယ်ဒိုအံ့အားသင့်ဖွယ်ပါဝင်လာတဲ့ FIFA FIFPRO ဆန်ကာတင် ၂၆ ဦးစာရင်း

၂၀၂၂ ခုနှစ်အတွက် FIFA FIFPro Men’s Team ဆန်ကာတင် ကစားသမား ၂၆ ဦးစာရင်းတွင် ရော်နယ်ဒိုနှင့်အတူ မက်ဆီနှင့် ဘာပေတို့လည်းပါဝင်လာသည်။

ရော်နယ်ဒိုသည် လက်ရှိအခြေအနေတွင် ရုန်းကန်နေရပြီး ပေါ်တူဂီအသင်းနှင့်မန်ယူအသင်းတို့တွင် အဆင်မပြေဖြစ်ခဲ့ကာ ဆော်ဒီလိဂ်တွင် ပြောင်းရွှေ့ကစားနေသည်။ ထို့ကြောင့် အဆိုပါစာရင်းတွင် ရော်နယ်ဒိုပါဝင်လာခြင်းသည် အံ့အားသင့်စရာဖြစ်ကြောင်း သတင်းများက ဖော်ပြသည်။

ရော်နယ်ဒိုသည် အဆိုပါစာရင်းတွင် ၂၀၀၇ ကတည်းက ပါဝင်လေ့ရှိသည်။ သို့ရာတွင် ယခုတစ်ကြိမ်တွင်မူ ၁၁ ဦးစာရင်းကိုပါဝင်ရေးကိုမူ ဟာလန်း ဘာပေ နေမာ လီဝမ်ဒေါ့စကီး၊ မက်ဆီ ဘန်ဇီမာတို့နှင့် အပြင်းအထန်ပြိုင်ဆိုင်ရဖွယ်ရှိကြောင်းလည်း သတင်းများကဆက်လက်ဖော်ပြသည်။

ပြီးခဲ့သည့်နှစ်က FIFA FIFPro Men’s Team ကစားသမား ၁၁ ဦးစာရင်းတွင် တိုက်စစ်မှူး ၄ ဦးအဖြစ် ရော်နယ်ဒို မက်ဆီ ဟာလန်းနှင့် လီဝမ်ဒေါ့စကီးတို့ကို ရွေးချယ်ခဲ့သည်။

ယခုနှစ်ဆန်ကာတင်စာရင်းတွင် ကွင်းလယ်ကစားသမားများအဖြစ် ဘယ်လင်ဂမ်နှင့်အန်ဇိုဖာနန်ဒက်စ် ကပထမဦးဆုံး အကြိမ်ပါဝင်လာပြီး ကာဆီမီရို ဒီဘရန်းနား ဂါဗီ လူကာမိုဒရစ် ပက်ဒရီ ဗယ်လ်ဗာဒီတို့ပါဝင်သည်။ ခံစစ်နေရာတွင် ကန်ဆယ်လို ဗန်ဒိုက်ချ် ရူဒီဂါ သီယာဂိုဆေးဗား အယ်လ်ဖွန်ဆိုဒေးဗီးစ် ဗာဒီယို ဟာကီမီနှင် သီယိုဟာနန်ဒက်စ်တို့ပါဝင်သည်။ ဂိုးသမားနေရာတွင် အယ်လ်လစ်ဆင်ဘက်ကာ ကော့တွိုက်စ်နှင့် မာတီနက်ဇ်တို့ကို ဆန်ကာတင်စာရင်းတွင် ရွေးချယ်ထားသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments