Friday, March 13, 2026
spot_img
spot_img

နယ်သာလန်နှင့်ပွဲမှ လုပ်ရပ်အတွက် နောင်တရမိကြောင်းနှင့် ကမ္ဘာ့ဖလားချန်ပီယံဆုရရှိပြီးနောက် အားလုံးပြီးဆုံးသွားပြီဖြစ်ကြောင်း မက်ဆီ ပြောကြား

အာဂျင်တီးနားအသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီက ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲ၌ နယ်သာလန်အသင်းနှင့်ပွဲမှ လုပ်ရပ်အတွက် နောင်တရမိကြောင်းနှင့် ကမ္ဘာ့ဖလား ချန်ပီယံဆုရယူနိုင်ခဲ့ပြီးနောက် မိမိအနေဖြင့် ဘာမှထပ်လုပ်ပြရန် မလိုတော့ဘဲ အားလုံးပြီးဆုံးသွားပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်အဖြစ် နယ်သာလန်အသင်းနှင့်ပွဲစဉ်တွင် မက်ဆီ သည် ဒုတိယပိုင်း ၇၃ မိနစ်၌ (၂-၀) ဂိုးဖြင့် ဦးဆောင်ခွင့်ရစေမည့်ဂိုးကို ပယ်နယ်တီမှ တစ်ဆင့်သွင်းယူပြီးနောက် နယ်သာလန် အသင်းနည်းပြအဖွဲ့ဝင်များရှိရာ အရန်ခုံတန်းသို့သွား၍ လက်နှစ်ဖက်ကို နားရွက်နောက်တွင်ထားကာ အောင်ပွဲခံခဲ့သည်။ ထို့ပြင် မက်ဆီသည် ပွဲအပြီးတွင် နယ်သာလန်အသင်း နည်းပြ လူးဝစ်ဗန်ဟားလ်၊ လက်ထောက်နည်းပြ အဂ္ဂါဒေးဗစ်တို့နှင့် အချေအတင်ဖြစ်ပွားခဲ့သလို အင်တာဗျူးပြုလုပ်နေစဉ် နယ် သာလန်တိုက်စစ်မှူး ဗက်ဟော့စ်ကို အော်ဟစ်ပြောဆိုခဲ့ကြောင်း သိရသည်။

ယင်းလုပ်ရပ်နှင့်ပတ်သက်၍ အာဂျင်တီးနားရုပ်သံတင်ဆက်သူ အန်ဒီကူစ်နက်ဇော့ဖ်နှင့် အင်တာဗျူးအစီအစဉ်တွင် မက်ဆီ က “အဲဒီလိုလုပ်ဖို့ ပြင်ဆင်ထားတာမဟုတ်ဘူးဆိုတာ အမှန်ပါပဲ။ အဲဒီလိုလုပ်တာမျိုး ကျွန်တော်မကြိုက်ပါဘူး။ အဲဒီအချိန်မှာ လုပ်ခဲ့မိပါတယ်။ ပွဲမတိုင်ခင်မှာ သူပြောခဲ့တာတွေကို ကျွန်တော်သိပါတယ်။ အသင်းဖော်တချို့ကလည်း သူပြောတာကို တွေ့ပြီးပြီလားလို့ ကျွန်တော့်ကိုပြောကြတယ်။ (၂-၀) ဂိုးနဲ့ ကျွန်တော်တို့ ဦးဆောင်ခွင့်ရချိန်မှာ ကျွန်တော်လုပ်ခဲ့တာကို သဘောမကျပါဘူး။ အဲဒီအချိန်မှာ ကြီးမားတဲ့ပြင်းထန်မှုတွေ၊ စိုးရိမ်ပူပန်မှုတွေ ရှိနေပြီး အရာအားလုံးက လျင်လျင်မြန်မြန်ပဲ ဖြစ်ခဲ့တာပါ။ ဘာကိုမှ စဉ်းစားနေချိန်လည်း မရပါဘူး။ အဲဒီလိုလုပ်ဖို့ ကြိုစီစဉ်ထားတာ မဟုတ်ပါဘူး။ ဒါက ကျွန်တော်ပေးချင်တဲ့ ပုံရိပ်မျိုး မဟုတ်ပါဘူး” ဟု ပြောကြားခဲ့သည်။

ထို့ပြင် ကစားသမားဘဝ အနာဂတ်ရည်မှန်းချက်နှင့်ပတ်သက်၍ မက်ဆီက “ဒါက ကျွန်တော့်ရဲ့ကစားသမားဘဝ အဆုံးသတ်ပါပဲ။ စက်ဝန်းတစ်ခု ရပ်တန့်သွားပါပြီ။ ကျွန်တော် အမြဲတမ်းအိပ်မက်မက်ခဲ့ရတဲ့အရာတွေ အားလုံးကို လက်ရွေးစင်အသင်းနဲ့အတူ ရယူနိုင်ခဲ့ပါပြီ။ ကျွန်တော်က ကစားသမားဘဝမှာ အရာအားလုံးကို ရခဲ့ပါတယ်။ တစ်ဦးချင်း အနေနဲ့ရောပေါ့။ ဒါက ကျွန်တော့်ရဲ့ကစားသမားဘဝကို ပြိုင်ဘက်ကင်းတဲ့နည်းလမ်းနဲ့ အဆုံးသတ်လိုက်တာပါပဲ။ ကစားသမားဘဝ စတင်ချိန်မှာ ဒီလိုတွေဖြစ်လာမယ်ဆိုတာ၊ အကောင်းဆုံးအခိုက်အတန့်တွေ ရရှိမယ်ဆိုတာ လုံးဝမတွေးမိခဲ့ပါဘူး။ ကျွန်တော့်မှာ နောက်ထပ်ငြင်းဆန်စရာ၊ တောင်းဆိုစရာမရှိတော့ပါဘူး။ ကျွန်တော်တို့ ကိုပါအမေရိကဖလားနဲ့ ကမ္ဘာ့ဖလားရခဲ့တယ်။ ဘာမှမကျန်တော့ပါဘူး။ ပြီးဆုံးသွားပါပြီ” ဟု ဆက်လက် ပြောကြားခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments