Sunday, March 15, 2026
spot_img
spot_img

ပင်နယ်တီ မပေးခင်အချိန်မှာ မက်ဆီ နဲ့ အလောင်းအစား လုပ်ခဲ့ကြောင်း ဖွင့်ဟလာတဲ့ ဆက်ဇက်နီ

ယနေ့ နံနက် အစောပိုင်းမှာ ကစားခဲ့တဲ့ အုပ်စု (C) ရဲ့ နောက်ဆုံး ပွဲစဉ်တွေကတော့ ရင်ခုန် စိတ်လှုပ်ရှားစရာ အပြည့် နဲ့ ပြီးဆုံး သွားခဲ့ပါပြီ ။ အုပ်စု နောက်ဆုံး ပွဲစဉ် မှာ အာဂျင်တီးနား အသင်း ဟာ ပိုလန် အသင်း ကို နှစ်ဂိုးပြတ် အနိုင်ရတာကြောင့် အုပ်စု ဗိုလ် အဖြစ် နဲ့ နောက်တစ်ဆင့် တက်သွားခဲ့ပါတယ် ။

တစ်ဖက်မှာလည်း မက္ကဆီကို အသင်းက ဆော်ဒီ အသင်းကို နှစ်ဂိုးပြတ် အနိုင်ရနေတာကြောင့် ပိုလန် နဲ့ မက္ကဆီကို အသင်းတို့ဟာ ရမှတ်တူ ၊ ဂိုးကွာခြားချက်တူ ၊ ထိပ်တိုက်တွေ့ဆုံမှု သရေကျနေပြီး Fair Play Rule နဲ့ ဆုံးဖြတ်ရမယ့် အနေအထားကို စိုက်ရောက် နေခဲ့ပါတယ် ။ ဒါပေမယ့် နာကျင် အချိန်ပိုမှာ ဆော်ဒီ က ချေပဂိုး တစ်ဂိုး ပြန်သွင်း သွားခဲ့တာကြောင့် မက္ကဆီကို တို့ ဂိုးကွာခြားချက်နဲ့ အုပ်စု ကနေ ထွက်ခွာ သွားခဲ့ရပါတယ် ။

ပိုလန် အသင်းကတော့ အာဂျင်တီးနား အသင်းကို အရေးနိမ့် ခဲ့ရပေမယ့် ၁၆ သင်း အဆင့်ကို တက်လှမ်းခွင့် ရရှိ သွားခဲ့ပါတယ် ။ ပိုလန် အသင်း နောက်တဆင့် တက်ရာမှာ အဓိက ကျခဲ့သူကတော့ ဂိုးသမား ဆက်ဇက်နီ ပါ ။ ဆက်ဇက်နီ ဟာ အုပ်စု ပွဲမှာ နှစ်ပွဲဆက် ပင်နယ်တီ ကာကွယ်မှု လုပ်နိုင်ခဲ့ပါတယ် ။

ဆက်ဇက်နီ ဟာ မနက်က အာဂျင်တီးနား နဲ့ ပွဲမှာလည်း မက်ဆီ ရဲ့ ပင်နယ်တီ ကို ကာကွယ် နိုင်ခဲ့ပြီးလက်စွမ်းပြ ကာကွယ်မှုတွေ အများအပြား လုပ်နိုင်ခဲ့ပါတယ် ။ ပွဲအပြီး အင်တာဗျူးမှာ ဆက်ဇက်နီ က ပင်နယ်တီ ကို မကာကွယ်ခင်မှာ မက်ဆီ နဲ့ အလောင်းအစား တစ်ခု လုပ်ခဲ့ကြောင်း ဖွင့်ပြောလာခဲ့ပါတယ် ။

” ပင်နယ်တီ မတိုင်ခင် အချိန်မှာ ကျနော် နဲ့ မက်ဆီ စကားပြောဖြစ်ခဲ့ပါတယ် ။ ဒိုင်လူကြီး ပင်နယ်တီ ပေးမှာ မဟုတ်ကြောင်း ယူရို ၁၀၀ လောင်းကြေး ထပ်ရဲတယ်လို့ ကျနော် သူ့ကို ပြောခဲ့ပါတယ် ၊ ဒိုင်လူကြီး က ပင်နယ်တီ အဖြစ် သတ်မှတ်လိုက်တော့ ကျနော် သူ့ကို ရှုံးသွားခဲ့တယ်လို့ ဆိုရမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

မက်ဆီ ကတော့ သူ့ရဲ့ ပင်နယ်တီ လွဲချော်မှု နဲ့ ပတ်သက်ပြီး ” ပင်နယ်တီ လွဲချော် ခဲ့တဲ့ အတွက် စိတ်ဆိုး ဒေါသ ထွက်ရပါတယ် ။ ဒါပေမယ့် ကျနော့်ရဲ့ လွဲချော် မှားယွင်းမှု အပြီးမှာ အသင်းက ပိုမို သန်မာ ကောင်းမွန် လာခဲ့ပါတယ် ၊ သွင်းဂိုး တစ်ဂိုး ရတာနဲ့ ပွဲအနေအထားက ပြောင်းလဲ သွားမယ်ဆိုတာ ကျနော်တို့ သိခဲ့ကြပါတယ် ။ ”

အာဂျင်တီးနား အသင်းဟာ ၁၆ သင်း ရှုံးထွက် အဆင့်မှာ ဩစတေးလျ အသင်း နဲ့ ကစားရမှာ ဖြစ်ပါတယ် ။ ဆက်လက်ပြီး မက်ဆီ က ” ဩစတေးလျ နဲ့ ကစားရမယ့် ပွဲက ခက်ခဲမှာ သေချာပါတယ် ။ အသင်းတိုင်းက ဘယ်အသင်းကို မဆို အနိုင်ယူနိုင်စွမ်း ရှိကြပါတယ် ၊ ကျနော်တို့ အမြဲတမ်း လုပ်နေကြအတိုင်း ပွဲကို ပြင်ဆင် သွားမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments